Episode - 12

82 19 0
                                    

Unicode ver {💚}

Love Triangle
•••••••••••••••••••

Jae Na's POV

"အံ့မယ် Min Ah ကသူ့ကို တော်တော် သဘောကျတယ်လာလုပ်မနေနဲ့ ငါမှတ်မိတယ်နော် လွန်ခဲ့တဲ့ ၃နှစ်က မင်းကျကောင်မလေး တစ်ယောက်ကို တော်တော်ဖြစ်ခဲ့ပြီးတော့"

"Ya...အဲ့ကိစ္စကဘယ်ကပါလာတာလဲ"

Jeno ရဲ့စကားကြောင့် Renjunသောက်နေတဲ့ရေတောင်သီးကုန်တာမို့
ကျွန်မက ရယ်ကျဲကျဲဖြင့်

"မဟုတ်မှလွဲရော Renjun-sshi ကWuri Min Ah ကိုသဘောကျနေတာလား"

ကျွန်မရဲ့ Seventh sense
အဲလေ Sixth sense အရ တစ်ခုခုက မသင်္ကာစရာ ကောင်းနေလို့ ဒီအတိုင်း စနောက်ပြီး ပြောလိုက်ပေမဲ့
Renjun ကနောက်တစ်ကြိမ် ရေထပ်သီးပြီး ချောင်းတွေလည်းဆိုးပါလေရော

"Ar- Arnyi အဲ့လိုဖြစ်စရာလား လုံးမဟုတ်ဘူး"

"အာ...အဲ့လိုဆိုတော်ပါသေးရဲ့"

"..."

"Min Ah ကအခုထိအဲ့Sunbae ကို သဘောကျနေသေးတယ်"

"အာ.."

ဘာပါလိမ့်
ဒီလို ငြိုးကျသွားတဲ့ မျက်နှာအနေအထားက
ကျွန်မစိတ်ထင်နေတဲ့ အတိုင်းတကယ်ကြီး သဘောကျနေတာများလား

"Min Ah ကအဲ့အကြောင်းတွေ ဘာလို့ပြောပြထားတာလဲသိဘူး" -Jeno

"နင်တို့မေးမိလို့ ဖြစ်မှာပါ"

"Humm အဲ့လိုလည်းဖြစ်နိုင်တာဘဲ" -Jeno

"တကယ်တော့လေ-"

"Woah...တိုက်ဆိုင်လိုက်တာ ငါတို့ဒီမှာထပ်တွေ့ပြန်ပြီ"

ဘယ်ကမှန်းမသိရောက်လာတဲ့ Park So Mi စကားဖြတ်ပြောတာကြောင့် ကျွန်မပြောလက်စ စကားတွေရပ်တန့်လိုက်ရတယ်
သူကဘယ်လိုလုပ်ပြီးဒီရောက်နေတာလဲ

나 도 몰 라 (I Don't Know)Where stories live. Discover now