Unicode ver {💚}
Angel
••••••••လက်ရှိအချိန်✨
Min Ah's POV
ခုနကတွေ့လိုက်တဲ့သူက သေချာပေါက်
Min Hyung Sunbae ပါ
Arnyi မဖြစ်နိုင်တာ....အမြင်မှားတာနေမှာပါ
သူဒီကို ပြန်ရောက်နေစရာ အကြောင်းမှမရှိတာ ကျွန်မလွန်ခဲ့တဲ့၃နှစ်က အကြောင်းတွေကို ပြန်စဉ်းစားနေရင်း အတွေးကမ္ဘာထဲရောက်နေတာ Renjun ကျွန်မ မျက်နှာရှေ့မှာ လက်လာယမ်းပြမှ အသိစိတ်ဝင်လာတော့တယ်သူတို့ပြောတာ အာရုံမရတဲ့အပြင် နဂိုထဲက
ဆတ်ဆတ်ထိမခံ တဲ့ ခပ်စွာစွာကျွန်မကတော့
Renjun လက်ကိုပုတ်ချလိုက်ပြီး"ဘာလဲ"
"ငါတို့ ဒီလောက်မေးနေတာကိုမှ မကြားတာ"
"ဟီး ဆောရီး ဘာမေးလိုက်တာလဲ"
"နောက်တပတ်ကျရင် Go University က event ရှိတယ်လေ အဲ့သွားကြမလားလို့"
"ဟင်....ဘာ event လဲ"
"Go University က website မှာတင်ထားတယ်လေ"
Go University ဆိုတာ အထက်တန်း အောင်ပြီးတဲ့ ကျောင်းသား၊ကျောင်းသူတိုင်း တက်ချင်ကြတဲ့
တက္ကသိုလ်တစ်ခု...အဲ့ University ကိုဝင်ခွင့်ရဖို့ ကျွန်မတို့ သုံးယောက် အထက်တန်းနောက်ဆုံးနှစ်က နှာခေါင်းသွေးလျှံမတတ် စာကို အသေအလဲကြိုးစားခဲ့ရတာ
အထက်တန်းနောက်ဆုံးနှစ်တုန်းက Go University ကိုအတူသွားဖို့ စပြီးတိုက်တွန်းခဲ့တဲ့သူက Jeno...
လူကတော့ဂိမ်းအသေဆော့ပေမဲ့ စာကိုလည်းမချန် ကြိုးစားသေးတာအခုလည်း Jeno တစ်ယောက် ကျွန်မကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပါလေရဲ့
"အဲ့ event ကမေဂျာပေါင်းစုံက စီနီယာတွေ တွေ့ဆုံဟောပြောတဲ့ပွဲပေါ့... အဲ့မှာမေဂျာတစ်ခုစီက Room တစ်ခုစီနဲ့ သူတို့မေဂျာအကြောင်းရှင်းပြပေးမှာ
ပြီးတော့ အဲ့မှာ မုန့်ဆိုင်တွေလည်း အစုံ လာရောင်းကြဦးမှာတဲ့ "
YOU ARE READING
나 도 몰 라 (I Don't Know)
RomanceUnicode ver {💚} အချစ်ဦးကို မမေ့နိုင်တဲ့ ကောင်မလေးတစ်ယောက်နဲ့ သူမကိုမှ ချစ်မိနေတဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းကောင်လေးတစ်ယောက်တို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်..... Whom would you choose? Your best friend or Your first love? Answer : I don't know... Renjun x...