Unicode ver {💚}
Insecure
••••••••••••Min Ah's POV
Instagram ကနေအဆက်မပြတ် message တွေ ဝင်နေတာမို့ ဖုန်းကိုတစ်ချက် ထုတ်စစ်လိုက်တယ်
Renjun များစိတ်ပူပြီး စာတွေ လျှောက်ပို့နေပြန်ပြီလားမသိ"ငါနဲ့ ထမင်းတူတူစားရအောင်လေ"
"ဟေး..ဘာလို့ ငါ့စာတွေကို အကြောင်းမပြန်တာလဲ"
"ငါ့ကို လျစ်လျူရှုတာလား"
"Jung Min Ah"
"အခုဆို မင်းကို ကာကွယ်ပေးမဲ့ ကောင်လည်းမရှိတော့ဘူး"
"ငါမင်းကို စောင့်ကြည့်နေတာမို့ သတိထားနေပါ"
Borya...ဒါတွေကဘာတွေလဲ
စာတွေဖတ်ရင်း ကြက်သီးထလာတာမို့
ဖုန်းစခရင်ကိုအမြန်ပိတ်ပစ်လိုက်တယ်
ဂနာမငြိမ်ဖြစ်နေတဲ့ ကျွန်မမျက်နှာထားကို ရိပ်မိသွားတဲ့
Jae Na ကစိုးရိမ်ပြီးလာမေးရှာတယ်"Min Ah ဘာဖြစ်လို့လဲ"
ဒီအကြောင်းတွေကို အခုပြောပြလိုက်ရင်
အလကားသက်သက်စိတ်ပူနေပါဦးမယ်
သူတို့ကိုလတ်တလောတော့မပြောဘဲထားလိုက်ပါဦးမယ်လေ"Arnyi..ဘာမှမဖြစ်ပါဘူး"
"တကယ်အဆင်ပြေပါတယ်နော်"
"အင်း အဆင်ပြေပါတယ်...ငါတို့မြန်မြန်သွားရအောင် အေးတယ်"
"အွန်း အွန်း"
ပိုက်ဆံအကုန်အကျသက်သာအောင်လို့
တက္ကစီစီးမနေဘဲ ဒီအတိုင်း ဘတ်စ်ကားသာစီးဖြစ်ကြတယ်Ting ဆိုပြီး Noti တက်လာတော့
ပိတ်ထားတဲ့ ဖုန်းစခရင်က လင်းလာတယ်
နောက်ထပ် message တွေဝင်လာပြန်ပြီထင်တယ်"ဒီနေ့ မင်းဝတ်ထားတဲ့ ပန်းရောင် Hoodie နဲ့မင်းနဲ့ တော်တော်လိုက်တယ်"
![](https://img.wattpad.com/cover/147784795-288-k847593.jpg)
YOU ARE READING
나 도 몰 라 (I Don't Know)
RomanceUnicode ver {💚} အချစ်ဦးကို မမေ့နိုင်တဲ့ ကောင်မလေးတစ်ယောက်နဲ့ သူမကိုမှ ချစ်မိနေတဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းကောင်လေးတစ်ယောက်တို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်..... Whom would you choose? Your best friend or Your first love? Answer : I don't know... Renjun x...