Episode - 4

151 23 0
                                    

Unicode ver {💚}

That Mysterious Girl
••••••••••••••••••••••••••••

လွန်ခဲ့တဲ့မိနစ်အနည်းငယ်က⚡

Jae Na's POV

Aish...ဒီဒေါက်ဖိနပ်‌တွေနဲ့တော့ ဒုက္ခပါဘဲ
အရေးထဲချော်လဲနေသေးတယ်
မရှိရှိတဲ့ အရှက်တွေကွဲပါပြီ
အဲ့အချိန်မှာဘဲ ကျွန်မဆီကို ကောင်‌လေးတစ်ယောက်
ပြေးလာတယ် သူ့လက်ကိုကမ်းပေးရင်းနဲ့ပေါ့

"အဆင်ပြေရဲ့လား"

ကျွန်မဘာမှပြန်မပြောဘဲ ခေါင်းညိမ့်ပြလိုက်တယ်
သူ့မျက်ဝန်းတွေ
တော်တော်လှတာဘဲ
အချိန်တွေရပ်တန့်သွားသလိုဘဲ
ခေါင်းထဲလည်း ခါးပိုက်နှိုက်အကြောင်းမစဉ်းစားနိုင်ဘဲ
အဲ့မျက်ဝန်းလှလှလေးတွေကိုငေးကြည့်နေမိတယ်

သူကတော့ ချော်လဲနေတဲ့ ကျွန်မကိုထူပေးပြီး
ဟိုခါးပိုက်နှိုက်နောက် အမြန်ပြေးလိုက်သွားတယ်
ကျွန်မကတော့ သူ့နောက်ကျောကို ငေးကြည့်ရင်းကျန်ခဲ့တယ်

ပြေးသွားတဲ့ပုံစံက အစကြည့်ကောင်းလိုက်တာ
Wait a minute
ဧကန္တ....သူနဲ့ ခုနကတစ်ယောက်နဲ့ တစ်ဖွဲ့တည်းဆို ဘယ်လိုလုပ်မလဲ
မဖြစ်နိုင်ပါဘူး ရုပ်ချောချောလေးနဲ့ လိမ်မဲ့ပုံစံလည်း မဟုတ်ပါဘူး...ဟီး

ဒီအတိုင်းနေလို့မဖြစ်သေးပါဘူး
သူတို့နောက်လိုက်သွားရမယ်
ကျွန်မရဲ့ ခရီးဆောင်အိတ်ကို အနားကဆိုင်မှာခဏ အပ်ထားလိုက်တယ်
လက်ထဲမှာတော့ အကျိုးမပေးတဲ့ ဒေါက်ဖိနပ်တွေကို ကိုင်ထားရင်း ခုနက ကောင်လေးကို ပြေးရင်း ရှာ‌ရတော့တာဘဲ
တော်တော်နဲ့ကိုမတွေ့နိုင်ဘူး
တကယ်ကြီး နှစ်ယောက်ပေါင်းလိမ်သွားတာလားမသိ
စိတ်ညစ်ပါတယ်
ဟိုဘက်လမ်းကြားတွေမှာရှာကြည့်ဦးမှ

အိုမို...တွေ့ပြီ
ဟိုကောင်လေးကို တုတ်တွေနဲ့ ကောင်တွေဝိုင်းထားကြတယ်
မျက်နှာမှာလည်း ‌ဒဏ်ရာတွေနဲ့ တော်တော်အရိုက်ခံထားရတဲ့ပုံဘဲ
ဘယ်လိုလုပ်ရပါ့
လမ်းကြား‌လည်းဖြစ်တော့ အကူအညီပေးမဲ့လူကလည်းမရှိ

ကျွန်မလည်း လမ်းဘေးမှာချထားတဲ့
အဝတ်လျှော်တုတ်ကြီးကို ကောက်လိုက်ပြီး
သူတို့ဆီပြေးသွားလိုက်တယ်
လက်ထဲက ဖိနပ်တွေကိုတော့ သူတို့ကိုပစ်ပေါက်လိုက်ရင်းပေါ့

나 도 몰 라 (I Don't Know)Where stories live. Discover now