Episode - 11

91 19 3
                                    

Unicode ver {💚}

Run Away
••••••••••••••

Renjun's POV

@Paradise ဖိနပ်ဆိုင်

Min Ah အတွက်ဒီကို ဖိနပ်လာဝယ်တဲ့ ကျွန်တော့်ရဲ့ တစ်ခုတည်းသော အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပါဘဲ
အဲ့ကနေ သူ့အချစ်ဦးဆိုတဲ့တစ်ယောက်နဲ့ မတွေ့ခင် မြန်မြန်အိမ်ပြန်ဖို့

ဒီဆိုင်ကဘယ်ဖိနပ်ဖြစ်ဖြစ် Min Ah နဲ့လိုက်နေတော့ ရွေးရခက်သား
အဲ့အချိန်မှာဘဲ ယောင်္ကျားလေး နှစ်ယောက် ဆိုင်ထဲဝင်လာတယ်

"မင်းတကယ်ဘဲ မင်းကောင်မလေးကိုဖိနပ်လက်ဆောင် ပေးမို့လား"

"အင်း တကယ်ပါဆို"

"အဲ့လိုစကားတစ်ခုရှိတယ်လေ ကိုယ်ဖိနပ်လက်ဆောင်ပေးလိုက်ရင် အဲ့တစ်ယောက်က အဲ့ဖိနပ်ကိုစီးပြီး တခြားနေရာကို ထွက်ပြေးသွားလိမ့်မယ်ဆိုပြီးလေ"

"မင်းကလည်းရှေးရိုးစွဲလိုက်တာ အဲ့လို အယူတွေမင်းဘဲယုံနေလိုက်"

ကျွန်တော့်ဘေးမှာ ဖိနပ်ရွေးရင်း ပြောနေတာကို
ကြားတော့ လက်ထဲမှာ သဘောကျတဲ့ ဖိနပ်လေးကို ကိုင်ထားရင်း Min Ah ကိုဖိနပ်ဝယ်ပေးမဲ့ အစီအစဉ်ကိုတောင် ပြန်ရုတ်သိမ်းချင်သွားပြီ
Sales girl အမကြီးတစ်ယောက်
ကျွန်တော့်ဘေးကိုရောက်လာပြီး

"မောင်လေးက တော်တော်အမြင်ရှိတာဘဲ ဒီဖိနပ်လေးက မိန်းကလေးတွေကြားမှာ လူကြိုက်များတဲ့ဟာလေးလေ မြန်မြန်နဲ့ sold out ဖြစ်တတ်လို့ မူရင်းဆိုင်ကနေ အများကြီးသွင်းထားတာ"

"အာ...အဲ့လိုကိုး ဒီဖိနပ်ယူလိုက်မယ် Noona"

ဆိုင်ထဲက တခြားကောင်လေး နှစ်ယောက်ရဲ့စကားတွေကို လျစ်လျူရှုရင်း ဖိနပ်ကို ဝယ်လိုက်ပြီး
ဆိုင်အပြင်ဘက်ကိုထွက်လာလိုက်တယ်
ဒီဖိနပ်ပိုင်ရှင်လေးတော့ ကျွန်တော့်ဆီက
ထွက်မသွားဖို့မျှော်လင့်ပါတယ်

나 도 몰 라 (I Don't Know)Where stories live. Discover now