Unicode ver {💚}
First Love
••••••••••••••Min Hyung's POV
"Don't Stop the music,왜멈춰있어 춤춤듯놀아가 Life is a party so"
နံနက်ခင်း Alarm ပေးထားတာကြောင့် သာယာတဲ့သီချင်းသံစဉ်နဲ့အတူ နိုးလာပေမဲ့ ခေါင်းကတော့ သိပ်မကြည်ချင်ဘူး
မနေ့ညက Haechan က မေဂျာကသူတွေနဲ့ မိတ်ဆက်ပေးရင်း ဆိုဂျူသောက်ခဲ့တာမို့
ခေါင်းနည်းနည်းမူးပြီး ရင်ပူနေတုန်း
နေကလည်းသိပ်မကောင်းချင်ဘူး
အချိန်ကိုကြည့်လိုက်တော့ ၁၀နာရီ
ဒီနေ့ Go Uni က ပွဲတော်ရှိတဲ့နေ့ဘဲ
နောက်ကျမှာစိုးလို့ ရေကိုခပ်မြန်မြန်ချိုးလိုက်တယ်Min Ah လည်းအဲ့မှာရှိနေမှာဆိုတော့
ကြည့်ကောင်းအောင် ဝတ်သွားရမယ်
Humm...မဖြစ်သေးပါဘူး
ဒီဟာကလူကြီးဆန်လွန်းတယ်
ဒီဟာကကျ အနက်ရောင်ဝမ်းဆက်ကြီး
ဒါက ရိုးလွန်းတယ်
ဒါက အရောင်တောက်လွန်းတယ်အိပ်ခန်းထဲမှာရှိတဲ့ ဗီဒိုတစ်ခုလုံးရှုပ်ပွအောင်
မွှေပြီးမှဘဲ အရင်က Min Ah မွေးနေ့လက်ဆောင် ပေးခဲ့ဖူးတဲ့ Hoodie အဖြူရောင်လေးကို ဝတ်ဖို့ဆုံးဖြတ်လိုက်တယ်
ဟုတ်ပြီ ဒီနေ့ဒါလေးဝတ်ရမယ်
ပုံမှန်ဆို အဝတ်အစားသိပ်မရွေးတဲ့ ကျွန်တော်က
ဒီနေ့မှသူမရှေ့မှာတော့ကြည့်ကောင်းချင်နေမိတယ်ခါတိုင်းနေ့တွေထက် ဒီနေ့တော့ သူမနဲ့ တွေ့ရမှာမို့ နည်းနည်းတော့စိတ်လှုပ်ရှားနေမိတယ်
အရင်နေ့တွေက ကျွန်တော် သူရဲဘောကြောင်ခဲ့မိတာမို့
သူမကို သွားမတွေ့ရဲဘူးဖြစ်နေတာ
လွန်ခဲ့တဲ့ သုံးနှစ်က ကိစ္စတွေကြောင့်လည်းပါမှာပေါ့ အပြစ်ရှိသလို ခံစားရတာမို့ သူမနဲ့ မျက်နှာချင်းမဆိုင်ရဲဘူးအချိန်တွေသာကြာသွားခဲ့ပေမဲ့ ကျွန်တော်သူမကို သဘောကျနေတဲ့ စိတ်ကတော့မပြောင်းလဲသွားဘူး
အခုထိ သဘောကျနေသေးတယ်ဆိုပေမဲ့
ကျွန်တော် နောက်ကျသွားခဲ့ရပြီ
သူမဘေးမှာ ကျွန်တော်မဟုတ်တဲ့ တစ်ခြားကောင်လေးတစ်ယောက်ရှိနေပြီ
နောင်တရခဲ့တဲ့ ကိစ္စရပ်တွေလည်းနည်းတာမဟုတ်လို့
ကျွန်တော်ထပ်ကြိုးစားကြည့်ချင်သေးတယ်
နောက်တစ်ခေါက် သူမဘေးမှာရှိချင်သေးတယ်
ကျွန်တော့်မှာထပ်ပြီး ကြိုးစားခွင့်ရှိသေးတယ်မလား

YOU ARE READING
나 도 몰 라 (I Don't Know)
Storie d'amoreUnicode ver {💚} အချစ်ဦးကို မမေ့နိုင်တဲ့ ကောင်မလေးတစ်ယောက်နဲ့ သူမကိုမှ ချစ်မိနေတဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းကောင်လေးတစ်ယောက်တို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်..... Whom would you choose? Your best friend or Your first love? Answer : I don't know... Renjun x...