Unicode" အဲ့တာတော့ မဖြစ်သင့်ဘူးလေ။ သူ့ခမျာ မင်းရှောင်နေတာလည်းခံရ၊ မင်းသူ့ကိုရှောင်နေရတဲ့ အကြောင်းကိုလည်းမသိရ။ သနားပါတယ်ကွာ ... ''
ဒီတစ်ပတ်အတွင်း ဒင်းမသိသေးသည့် အဖြစ်အပျက်တချို့ကိုပြောပြလိုက်ရာမှ ကိုယ့်ထမင်းကိုယ်စားပြီး ဆရာလုပ်ခြင်းခံရသည်။
" အဲ့တော့ မင်းကငါ့ကိုဘာလုပ်စေချင်တာလဲ? ''
" အရှိကိုအရှိတိုင်း လက်ခံလိုက်ပေါ့ ''
" ဟမ်? "
" မင်းကွေးနေကြောင်း ကိုယ့်ကိုယ်ကိုယ် လက်ခံလိုက်စမ်းပါ ဂျောင်ကုရာ ... ''
" ဒီမှာ ဂျောင်ကု .. အချစ်ဆိုတာ မိန်းကလေးကိုမှချစ်ရမယ်၊ ယောကျ်ားလေးကိုမှချစ်ရမယ်လို့ မသတ်မှတ်ထားဘူး။ ယောကျ်ား၊ မိန်းမ မင်းချစ်လို့ရတယ်။ အချစ်ကလုပ်ယူတာမှမဟုတ်ဘဲ သူ့ဘာသူဖြစ်တည်လာတာ။ ဒါကို မင်းကရွပြီးတော့ အရှိကိုအရှိတိုင်း လက်မခံချင်တော့ မင်းဆရာသေးသေးခံပေါ့ ''
" ဟမ် ငါခံရမှာမဟုတ်ဘူးလား? "
"ဘယ်သူခံခံကွာ ... အခု ငါပြောချင်တာက မင်းကိုယ်မင်း အရှိကိုအရှိတိုင်း လက်ခံလိုက်ဖို့ပဲ ''
ဟင်းးးး!
သက်ပြင်းရှည်တို့ချကာ သူ ထယ်ပုခုံးပေါ် မှီလိုက်၏။
" ငါဆရာလုပ်နေတာမဟုတ်ဘူးနော်။ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ မင်းကိုအကြံပေးနေတာ ''
" ငါသိပါတယ်။ အင်း ... ငါကြိုးစားကြည့်မယ်လေ ''
" ကြိုးစားကြည့်မယ် ဘာတွေ၊ညာတွေ အချိန်တွေစွဲမနေနဲ့။ မင်းဆရာသေးသေး သူများနောက်ပါသွားမယ် ''
" ဒါတွေနောက်ထား အခုအတန်းပြန်ကြတော့မလား? "
" ငါနားချတာ မင်းနားထောင်ပါတယ်နော် ဂျောင်ကု ... ''
" ငါ့စိတ်ကို ငါလက်ခံနိုင်ဖို့ အချိန်ယူရမယ်လေ ''
" အင်း။ ဒါဆို အတန်းပြန်ကြတာပေါ့ ''
ခုံတန်းလျားမှ နှစ်ယောက်လုံးထမယ်အလုပ် ထယ်မှ သူ့လက်အားဆွဲချကာ ခုံပေါ်ပြန်ထိုင်စေ၏။
YOU ARE READING
𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete)