Unicode
"ဆရာ့နာမည်က Park Jiminပါ မင်းတို့ဒုတိယနှစ်ရဲ့ အတန်းပိုင်ပေါ့ ဆရာ့ဘာသာက English အခု English စာအုပ်ထုတ်မယ်''"အတန်းပိုင်? ဒီဆရာလည်း မကြာခင် အလုပ်ထွက်ရ-''
"ဟမ်! သူကချာတိတ်မဟုတ်လား?! သူကငါတို့ရဲ့ ဆရာပေါ့လေ!''
"Jungkook ဘာဖြစ်လို့လဲ?''
"ဟင့်အင်း''
"ဟိုကျောင်းသားနှစ်ယောက် ဆရာစာသင်တော့မယ် စကားမများနဲ့''
"ဟုတ်ကဲ့!''
"Jungkook မင်းဒီနေ့ နေမကောင်းဘူးလား?''
"ကောင်းတယ်လေ ဘာဖြစ်လို့လဲ''
"မသိလေ တခြားဆရာတွေဆိုရင် အခုလိုပြောခံရရင် ထသောင်းကျန်းနေပြီ အခုဟာက ဟုတ်ကဲ့ လို့တောင် ဖြေလိုက်သေး''
"ဘာပဲဖြစ်ဖြစ် စာသာသေချာနားထောင်''
ဆရာချောချောလေးက စာကိုသေချာသင်ပေးနေစဥ် ကျောင်းသားတွေကလည်း အပတ်တကုပ် ကြိုးစားလိုက်မှတ်နေသည်။
"ဆရာ!''
အပေါက်ဝနားမှ ကျွန်တော့်ကိုခေါ်လိုက်သောကျောင်းသား။
"ပြောလေ ကျောင်းသား''
"ဒါက ဒီအတန်းရဲ့ စာမေးပွဲ အမှတ်စာရင်းပါ''
"အင်း ကျေးဇူး''
"ကျွန်တော်သွားတော့မယ်နော် ဆရာ''
"အင်း''
"မင်းတို့လည်း သိကြမှာပေါ့ စာမေးပွဲက
မကြာခင် ဖြေရတော့မယ် အဲ့ဒါဆရာက အမှတ်နည်းတဲ့ ကျောင်းသားတွေကို
ဆရာ့အိမ်ခေါ်သင်မလို့''ကျောင်းသားတော်တော်များများက တော်ကြပါသည်ဟု ဆရာJimin ချီးကျုးလို့
မဆုံးသေးခင် ဘာသာတိုင်းအမှတ်
(၄၀)အောက် English ကို (0)ရတဲ့ ကျောင်းသား ပေါ်လာသည်။နာမည်က Jeon...Jung...Kook?
"Jeon Jungkook ခဏ မတ်တပ်ရပ်ပါ''
မတ်တပ်ရပ်ခိုင်းတော့လည်း ရပ်ရတာပေါ့။
"ဒီမှာပါ!''
"မင်းအမှတ်တွေ တော်တော်နည်းနေတယ် ဆရာ့ဘာသာမှာရော မင်းကတော်တော်ညံ့ဖျင်းနေတယ် အဲ့ဒါညနေကျရင် မင်းဆရာ့အိမ်လိုက်ခဲ့''
YOU ARE READING
𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete)