အပိုင်း ၂၆

8.6K 763 59
                                    


" ငါ့ကောင် အ​ခြေအနေဘယ်လိုလဲ? "

မျက်နှာကြီးရှုဲ့မဲ့ကာ စာမေးပွဲခန်းထဲမှထွက်လာသော ဂျောင်ကုကို ထယ်မှ အခြေအနေလှမ်းမေးသည်။

" အိုကေတယ် ရေး!!! "

" ဟားဟားဟား မင်အထာတွေသိပြီးသား ''

" မင်းရော? "

" နှစ်ခါပြန်စစ်စရာမလိုဘူး ဟျောင့် ''

သေချာနေသော ငယ်ပေါင်းနှစ်ယောက်ရဲ့အမှတ်စာရင်း မည်သို့မည်ပုံထွက်လာမလဲတော့ မသိပါ​ချေ။

" Nice ဒီညနေသွားကဲကြမလား? "

" အသက်မပြည့်​သေးဘဲ ကလပ်တက်ချင်တယ်ပေါ့လေ '' ရွမ်းရွမ်းရွမ်း !

မြေခွေးမီးခဲကြီးနှင့် ပစ်ပေါက်ဆုံးမနေသော ဆရာသေးသေးပုံရိပ်က သူ့မျက်ကွင်းထဲ ကလူကလူ။

" မဖြစ်ပါဘူးကွာ~ ငါတို့ကအသက်ပြည့်သေးတာမဟုတ်ဘူး ''

" ကစားကွင်းရော? "

" ကလေးဆန်လွန်းမသွားဘူးလား? "
သဘောရိုးနဲ့မေးသော်လည်း ထယ်မှစိတ်ဆတ်နေသဖြင့် စိတ်မရှည်တော့ပင်။

" တော်ပြီ ဟျောင့် မင်းနဲ့သူငယ်ချင်းမလုပ်တော့ဘူး ''

" မင်းကလည်း ငါစဥ်းစားပေးပါ့မယ် ''

စိတ်ကောက်တာကလည်း မိန်းမကြီးကျလို့။

မျက်လုံး ဟိုဘက်ဝိုက်၊ ဒီဘက်ဝိုက်နှင့် ချာနေအောင် လည်ပတ်နေသော မျက်လုံးကိုကြည့်ခြင်းအားဖြင့် စဥ်းစားလို့မရတဲ့ကြောင်း အတိအလင်းကြေညာနေသည်။

" ငါ.. ငါလည်း စဥ်းစားလို့မရဘူး ''

" တော်ပြီ မင်းနဲ့ငါ အပြတ်ပဲ ''

" ဟာ​ ဟျောင့် သူငယ်ချင်းဆိုတာထည့်ပြောလေ ''

သူ့လက်မောင်းကိုဆွဲကိုင်ကာ တားမယ်ပေါ့ ထင်ထားတာ ဒင်းက အတော့်ကို ကတ်သတ်ပြီး သူငယ်ချင်းဆိုတာပါ ထည့်ပြောခိုင်းသေးသည်။

အတော်ရှည်တဲ့ဟာ ။

" ပြတ်ပြီဟေ့ ပြတ်ပြီဟ ''

" ဟျောင့် သူငယ်ချင်းဆိုတာ ထည့်ပြောပါဆို မင်းနဲ့တော့ ''

" မပြောဘူး မင်းနဲ့ငါနဲ့ပြတ်ပြီပဲ ဟားဟားဟား ''

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) حيث تعيش القصص. اكتشف الآن