Unicodeရုန်းရင်းဆန်ခတ်ဖြစ်ပြီးသကာလ ဆရာသမားနှစ်ယောက် ဘေးချင်းကပ်ရပ် သွေးအေးနေကြသည်။ ထိုအကြောင်းကို ပြန်တွေးရင်း၊ ပြန်တွေးရင်း ဒေါသက,တလိပ်လိပ်ထွက်လာသည်မို့ ဂျီမင်းကပဲ ဂျောင်ကုကို စကားစလိုက်သည်။
" ဂျောင်ကု ... ''
" ခဏတုန်းက မတော်တဆလို့ပြောပြီးပြီပဲ။ မတော်တဆဖြစ်သွားတယ်ဆိုတာ ခင်ဗျားကို သုံးလေးချက်လောက်ဆွဲထိုးပြီး ပြောပြလိုက်ချင်တယ် ''
တမင်သက်သက်လုပ်လိုက်ပြီး အခုမှပြောင်ငြင်းနေသောဂျောင်ကုကို သူဆွဲထိုးချင်သည်က လက်တယားယား။
[ ကဲ အချိန်တွေကို နောက်ပြန်ရစ်လိုက်ရအောင်]
" ကိုကို! "
ကိုကို?!
" ကိုကိုကလည်း ကုကိုတောင် မစောင့်ဘူး။ ဘာလို့တစ်ယောက်တည်းထွက်လာတာလဲ။ ကိုကိုနော် အိမ်မှာကလေးတစ်ယောက်လုံးရှိနေတာတောင် ဖောက်ပြန်ချင်နေသေးတယ်! "
မတ်တပ်ရပ်ပြီး ပြောနေသော ဂျောင်ကုကို မော့ကြည့်နေရတာက တစ်ကြောင်း၊ ဂျောင်ကုပြောသောစကားတို့ကို နားမလည်သည်က တစ်ကြောင်း ဂျီမင်း မရှိတဲ့သွေးတိုးပင် တက်ချင်သွားသည်။
" မင် သူက ... ? "
" ကု ကာမပိုင်ယောက်ျားကို မင်လို့မခေါ်နဲ့။ သူ့မှာ ကျုပ်ရှိပြီးသား ''
" ဂျောင်ကု! မင်းတိတ်တိတ်နေစမ်း! "
" ဟွင့်! ဟိုဟာမကြီး သူ့နားမကပ်အောင်လို့ ကျေကျေနပ်နပ်ကြီး သရုပ်ဆောင်ပေးရသေးတယ်။ စေတနာ , စေတနာနဲ့မတန်ဘူး! "
" ဟိုဟာမကြီးလို့ပြောရအောင် သူကမင်းထက် အများကြီး,ကြီးတယ်ကွ ''
" ဒီလောက်တောင် အသက်ကြီး၊ ရုပ်ရင့်နေရင်လည်း ဘိုးဘွားရိပ်သာသွားပါ့လား!။ ဘာလို့ ခင်ဗျားနား အရှက်မရှိလိုက်ကပ်နေတာလဲ အံ့ပါ့! ''
" ဒီကကျောင်းသား တို့ကိုစော်ကားတာ များနေပြီနော် ''
" စော်ကားတော့ ဘာဖြစ်လဲ! .. ဆေးဆိုး ပန်းရိုက်မျက်နှာကြီးရဲ့! "
ŞİMDİ OKUDUĞUN
𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete)