Unicode" ဘယ်သွားလိုက်တာလဲ ပြောတော့ နိုးတဲ့အထိစောင့်ပေးမယ်ဆိုပြီးတော့ ''
အိပ်ရာမှနိုးလာတော့ သူ့နားဆရာသေးသေးမရှိတော့တာကြောင့် ပျာယာခတ်သွားသည်။
" ဂျောင်ကုရေ ငါဒီမှာ ''
အသံကသူ့ခေါင်းပေါ်က။ မကြားချင်ဟန်ဆောင်ကာ '' ဆရာသေးသေး ဆရာသေးသေး '' ဟု အော်ခေါ်၍နေသည်။
" ဂျောင်ကုရေ ငါသစ်ပင်ပေါ်မှာ ငါ့ကိုမော့ကြည့်လိုက် ''
တော်တော်ကဲတာပဲ။ မတော်လို့ပြုတ်ကျသွားရင် ဘယ်နှယ့်လုပ်မလဲ။
" ဟော အရှင်မင်းမြတ်က အပေါ်မှာလား အကျွန်တော်မျိုးမတွေ့လိုက်ဘူး ''
" ဟားဟား ငါကိုယ်တော်မြတ် မင်းကိုစောင့်ပေးနေရင်းနဲ့ ပျင်းလာလို့ သစ်ပင်ပေါ်တက်ဆော့နေတာ မောင်မင်းရဲ့ ''
" ဆင်းလာပါ အရှင်ရယ်~ ။ မတော်လို့ ပြုတ်ကျသွားရင် ဒီကကိုယ်တော်ဂျွန် ရင်ကျိုးရချည်ရဲ့ ''
" ချီချလေ ဟားဟား ''
" အမယ် အရှင်ကကိုယ်တော့်ကိုစိန်ခေါ်နေတာလား ''
" ဂျောင်ကု ငါ့ကိုချီနိုင်လား? "
" စမ်းကြည့်လေ ချီနိုင်လား၊ မချီနိုင်ဘူးဆိုတာ ''
" ငါခုန်ချပြီနော် ''
1 2 3
" အင့် ''သစ်ပင်ပေါ်မှ အရဲစွန့်ခုန်ချလိုက်ပြီး ဂျောင်ကုလက်ကြီးကြီးပေါ် အံဝင်ခွင်ကျ အိခနဲ ကျသွားသည်။
ဂျီမင်းလက်များ ဂျောင်ကုပုခုံးပေါ် အရံသင့်သွယ်ယှက်သွားကာ မျက်စိတို့လည်း ချိတ်ပိတ်၍နေသည်။
" ဘာမှမကြောက်နဲ့နော် ကျွန်တော်ရှိတယ် ''
ဂျောင်ကုအသံနားစည်ကို လာရိုက်ခတ်ခါမှ မျက်လုံးတို့ပွင့်လာပြီး တစ်ယောက်သောသူနှင့် အကြည့်ချင်းဆုံသွားသည်။ ဂျောင်ကုနှင့်အကြည့်ချင်းဆုံသွားခိုက် ဂျီမင်းရင်ထဲအမျိုးအမည်မသိသော လှိုင်းလေးတစ်ခုထသွားသည်။
လေပြေအဝှေ့ကြောင့် လှုပ်ထိုးသွားကြသော ပတ်ဝန်းကျင်အစိတ်အပိုင်းလေးတွေနဲ့ ပွေ့ချီလျက်ရှိသော သူတို့နှစ်ယောက်ဟာ တုတ်ခိုင်ကြီးတဲ့ အပင်ကြီးအောက် ပဥ္စလက်ဆန်စွာ လှပနေသည်။
VOUS LISEZ
𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete)