Happy Ending

14.9K 977 106
                                    

" မောင်သွားရတော့မယ်ဆို ပြင်ဆင်တော့လေ ''

ပြောရရင်သူ ဒီခရီးကိုမသွားချင်ပါ။ ကျောင်းကဆရာရဲ့မွေးနေ့ပွဲနဲ့ အမေတို့ရဲ့အလည်ခေါ်မှုကြောင့် ကျက်သရေဖင်လန်နိုင်ငံကိုသွားရတော့မည်။

အမေတို့က အင်္ဂလန်နိုင်ငံတွင်ရှည်ကြော၍ အခြေသွားချကာ သားတစ်ယောက်တည်းကိုချန်ထား၍ သူတို့နှစ်ယောက်တည်း ဟိုမှာသွားကဲနေသည်။ ကန်တော့ပါရဲ့ အဖေ၊အမေလည်း အတင်းတုပ်သင့်​ရင်အတင်းတုပ်ရမှာပဲ။

မသွားချင်ဘူး ငယ်ရယ်~ ။

" မောင်ရေ ​လေယာဥ်နောက်ကျပါမယ်ဆိုမှကွာ ''

အင်္ကျီထုတ်ပေးနေရင်း သတိလှမ်းပေးသော သူ့ရဲ့ငယ်ကို ထုံးစံအတိုင်း ခါးမှပွေ့ပိုက်ကာ ရင်ခွင်ကျယ်ကြီးထဲထည့်ထားလိုက်သည်။ ဒီကိုယ်သေးသေးနဲ့ နှစ်ရက်ကြီးတောင်ခွဲရတော့မှာလား ။ ဒီကိုယ်မွှေးမွှေးကို နှစ်ရက်ကြီးများတောင် လွမ်းနေတော့မှာပဲ ဟင်း! ။

တဟင်း! ဟင်း! ချနေသော သက်ပြင်းရှည်တွေကိုဆက်လိုက်ပါလျှင် ရထားတွဲရှည်ကြီးဖြစ်သွားပါလိမ့်မည်။ ဘာတွေနောက်ဆံတင်းဖြစ်နေတာလဲ မောင်ရဲ့။

" ကိုယ်က ကလေးမှမဟုတ်​တော့တာ ..  စိတ်မပူပါနဲ့ ''

" ကလေးမဟုတ်လို့ ပိုစိတ်ပူရတာပေါ့။ ကလေးဆိုရင် ဒီနေရာက မရွေ့နဲ့ မုန့်ကျွေးမယ်လို့ ဖြားယောင်းလိုက်ရင် အဲ့​နေရာက​နေ တုတ်တုတ်လှုပ်မှာမဟုတ်ဘူး အခု ငယ်က~ ''

" ဟာ ငိုပြန်ပြီလား မငိုပါနဲ့မောင်ရယ် နော် ''

ရင်ခွင်ထဲ ခေါင်းတိုးဝှေ့ကာ ကလေးကျနေသော ဂျောင်ကုကို နှစ်သိမ့်သလိုလေး ကျောပွတ်ပေးလိုက်သည်။

" ငါ့ကိုစိတ်ချပါ ဘယ်မှမသွားဘူး။ ကော်ဖီဆိုင်နဲ့အိမ်နဲ့ပဲ နော် ''

" ငယ်ပါလိုက်ခဲ့လို့မရဘူးလား ''

" မလိုက်တော့ဘူး .. မောင့်မိဘတွေက ကိုယ့်ကို အမြင်ကြည်​သေးတာမှမဟုတ်တာ ''

" ဒါပေမဲ့..... ကျောင်းတုန်းက အဖေ့အသိပဲလေ ''

" ကျောင်းတုန်းကကျ အဖေ့အသိအနေနဲ့ပေါ့။ အခုဟာက ချစ်သူရည်းစားတစ်ယောက်အနေနဲ့​လေ .. ဘယ်လိုလို့ လက်ခံနိုင်မှာလဲ မောင်ရဲ့ ''

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Tempat cerita menjadi hidup. Temukan sekarang