Chapter 2

242 37 0
                                    

Chapter 2

ထိုကောင်လေး၏
ကြည်လင်နေသည့် မျက်ဝန်းတို့ကို ယွင်ရှီး
စိုက်ကြည့်မိ၏။ လောက၏ ညစ်နွမ်းခြင်းဟူသည်
ထိုကောင်လေး ကြုံတွေ့ဖူးပုံမရ...။
ထိုမျက်ဝန်းတို့၏ ဖြူစင်မှုကို ကြည့်ခြင်းဖြင့်
ယွင်ရှီး ခန့်မှန်းနိုင်လေသည်။

ထိုသို့သော ဖြူစင်သည့်တည်ရှိမှုက
သူ့ကြောင့် ညစ်နွမ်းလာမည်တဲ့လား။
သူ့လိုလူကို ချစ်နိုင်သည်တဲ့လား။
ယွင်ရှီး သက်ပြင်းကို ရှိုက်ကာ လွယ်အိတ်ထဲက
စာအုပ်ကို ထုတ်လိုက်သည်။

" ယွင်ရှီး, ကန်တင်းသွားရအောင်လေ...
ပထမဆုံး ကျောင်းတတ်ရက်ဆိုတော့
စာသင်အုံးမှာ မဟုတ်ဘူး...ပြီးတော့
ကျွန်တော် ဗိုက်ဆာနေလို့ "

ဖေးယွီကခေါင်းကို ကုတ်ကာ၊
ယွင်ရှီး၏ လက်မောင်းကို တို့ထိကာ
လာပြောနေလေသည်။

ယွင်ရှီး ဒီထိတွေ့မှုကို မငြင်းဆန်။

ယွင်ရှီး ခေါင်းသာ ခါပြလိုက်၏။
လူထူထပ်သည့်နေရာသည်
သူ့လိုသီးခြားဆန်တတ်သူအတွက်
အဆင်မပြေပါချေ...။ ဒီတိုင်း သူ
တိတ်တိတ်လေးသာ နေချင်၏။ တစ်လောကလုံးမှာ တစ်ယောက်ထဲ
ကိုယ့်စိတ်အဝန်းအဝိုင်းသေးသေးလေးထဲမှာပဲ
နေချင်မိသည်။

ထို ဖေးယွီဆိုသည့် ကောင်လေးက
သူ့စိတ်ရပ်ဝန်းထဲ တိုးဝင်ဖို့ ကြိုးပမ်းနေသည်ကိုလည်း သူ မနှစ်သက်။
သူ့ကြောင့်လည်း ထို ကောင်ငယ်လေးအား
မထိခိုက်စေချင်ပါ။
ဘာကြောင့် အသက်၂၈နှစ်မှာ ကိုယ့်ကိုယ်ကို
သတ်သေသွားခဲ့တာလဲဆိုတာလဲ သူ မသိချင်....။

သူ့၏ အတွင်းစိတ်တစ်နေရာက ဒီအကြောင်းကို
မသိချင်ဟု ငြင်းဆန်နေသလို...၊
သိချင်သည့် စိတ်နှင့်လည်း လွန်ဆွဲနေပြန်သည်။

ဒီအကြောင်းက သူ့ကို အားနည်းစေနိုင်သည့် အကြောင်းအရာတစ်ခုလို့ သူ ထင်နေမိသည်။

ဒီနေ့တစ်ရက်ထဲမှာတင်
အသက်အရွယ်ကွာဟနေပေမဲ့ ပုံစံတူ
လူသားနှစ်ဦးသည် သူ့ဘဝထဲကို ဝင်လာသည်။
ဒါက မဖြစ်နိုင်ဟု တွေးလို့ရပေမဲ့ ယွင်ရှီး၏ စိတ်ထဲက အစစ်အမှန်ဟု ယူဆနေမိသည်။

Elegiac (Fanfic)Where stories live. Discover now