Chapter 13

271 23 9
                                    

Chapter 13

" ဒါဖြစ်သင့်လို့လား?"

ဟိုတယ်အခန်းရှိ twin bedroom အခန်းထဲ၌
ကောင်လေးနှစ်ဦးထဲက တစ်ဦးသည်
မကျေမနပ် ရေရွတ်နေခဲ့ခြင်း...။

ဖြူသေးသေးနှင့် နုဖတ်နေပုံရပြီး အနည်းငယ်
ရင့်ကျက်သည့်အသွင်သဏ္ဍာန်ရှိသည့် ကောင်လေးသည် ဂျစ်ကန်ကန်နှင့်မကျေမနပ်ရေရွတ်နေသည့် ကောင်ငယ်လေးကို ဘာစကားမှမဆိုဘဲ တည်ငြိမ်စွာ
ကြည့်နေလေသည်။

ယွင်ရှီး ပင်ပန်းနေသဖြင့် ထိုကောင်လေးကို
မသိကျိုးကျွန် ပြုကာ နေချင်ပေမဲ့လည်း...
မလုပ်ရက်။
သြော်...သူလည်း တော်တော့်ကို
အနွံ့တာခံတတ်သည့် ကလေးထိန်းလိုပါတကား။

" ဘာလို့လဲ?"

ဖေးယွီက ပင်ပန်းနေသည့် ကြောင်ပေါက်လေးထံ အပြေးလေးသွားကာ ရယ်ပြလိုက်သည်။ သူ့အပြုံး၊ အရယ်လေးက လူတွေကို စိတ်ပင်ပန်းတာ ပြေပျောက်စေသည်ဟု သူ့အမေ ​​ပြောဖူးသည်လေ။
ထို့နောက် ဖေးယွီ သူ့လက်ဖဝါးနှစ်ဖက်ဖြင့် ယွင်ရှီး ပခုံးသားတို့ကို နှိပ်နယ်ကာ ဖြေလျှော့ပေးလိုက်သည်။ တစ်ဆက်ထဲမှာပင် သူ့စကားကို
ဆက်လိုက်၏။

" မင်းကျတော့ exam ဖြေစရာမလိုဘဲ
အတန်းထဲ ရုပ်လေး ခဏ လာပြလိုက်ရုံနဲ့
certificate ရတယ်!
ငါတို့ကျတော့ အသည်းအသန် ကုန်းရုံး
ဖြေလိုက်ရသေး! ပြီးရင်လည်း
Attendance  percentage
မပြည့်ရင် ဘာဖြစ်ရတာနဲ့ ညာဖြစ်ရတာနဲ့! "

ယွင်ရှီး ဖေးယွီ မကျေမနပ် ဖြစ်နေသည့် ကိစ္စကို သဘောပေါက်သွားတော့သည်။ သူ
အတန်းမှာ ခဏ လာမျက်နှာပြလိုက်ရုံနှင့်
exam သွား​ဖြေစရာမလိုဘဲ
certificate ရတာကြောင့်။

Luo company နှင့် Luo၏စီးပွားရေးများကို
ဦးစီးနေရသူ ဖြစ်သည့်အလျောက် သူ့တွင် ပညာရေးအတွက် တကူးတက  အချိန်မရှိပေ။ လက်တွေ့သည်
စာတွေ့ထက် ပိုအရေးပါသည်လေ။ Luoနှင့် စီးပွားရေးဆက်စပ်နေကြသည့်
အသိုင်းအဝိုင်းသည် တော်တော်များသည်မို့ ဒီကိစ္စကို အချင်းချင်း နားလည်ပေးမှုဖြင့် ကူညီကြခြင်းသာ။
Exam ​ဖြေစရာမလိုဘဲ အောင်သည်။ ဒါက
သူတို့ စီးပွားရေးသမား အချင်းချင်းတော့
'အချိန်မရှိ'ဆိုတာကို နားလည်ပေးနိုင်ကြသည်လေ။
ဒါကလည်း...နှစ်ဦးနှစ်ဖက် အကျိုးရှိနေကြခြင်းကြောင့် ဖြစ်သည်။ ' သခင်လေးLuoက ​ငါ့ရဲ့
ဒီတက္ကသိုလ်ကနေ ဘွဲ့ရသွားတာလေ...၊
ဒီသင်တန်းကနေ ဘွဲ့ရတာပေါ့...၊
ဘယ်ဒီဂရီ ၊ ဘယ်ဘွဲ့တွေ ရတာ' ဘာညာ စသည့် ဂုဏ်ကို သူတို့တွေကလည်း လိုချင်ကြသည်။
ဒီလိုဆို သူတို့ကျောင်းလည်း နာမည်ကြီးပြီး
တတ်ရောက်သူ များကြတာ ဖြစ်သည်။ ဒါကို ဖေးယွီ နားလည်အောင် ဘယ်လိုရှင်းပြရမှန်း
သူ တကယ် မသိပေ။

Elegiac (Fanfic)Where stories live. Discover now