Chapter 12

142 19 4
                                    

Chapter 12

" ယွင်ရှီး! ထကြည့်ပါအုံး....
ပန်းတွေက လှလိုက်တာ! "

ဖေးယွီ ယွင်ရှီးနှင့်အတူ
အပျော် ခရီးထွက်လာခြင်းပင်။
သူ့အတွက် အပျော်ခရီးပေမဲ့၊ ယွင်ရှီးအတွက်ကမူ အလုပ်ခရီးပဲ ဖြစ်လေသည်။ ယွင်ရှီးက မအားလပ်တာကြောင့် တသီးတသန့် ခရီးမထွက်တော့ဘဲ အလုပ်ခရီးသွားရင်း တစ်ခါထဲ
သူ့ကိုပါ ခေါ်လာခြင်း ဖြစ်သည်။

အမျိုးအမည်မသိသည့် ပန်းခင်းက မျက်စိတစ်ဆုံးမို့ ဖေးယွီ မှင်သက်နေမိသည်။ သူက ယောကျာ်းလေးတစ်ဦးမို့ ပန်းတွေကို သဘောကျသည်လည်း မဟုတ်၊ သဘောကျသည်လည်း မဟုတ်ပေမဲ့
ဒီကြောင်အမြှီးလို ဖွားဖွား၊ ဖွားဖွားနှင့်
တစ်ထောင်ထောင်ဖြစ်နေသည့် အပင်တွေကတော့ သူ့မျက်စိထဲ အရိုင်းဆန်ပြီး လှပနေ၏။

ထိုပန်းပင်တို့သည် ပင်လယ်လှိုင်းလုံး
အဖြူရောင်ကြီးတွေလို လေအဝှေ့မှာ
ပန်းလှိုင်းတွေက ဝေ့ဝဲကာ အရှိန်ဖြင့်
ယိမ်းနွဲ့နေသည့်မြင်ကွင်းကြောင့်
ဖေးယွီ ပြုံးနေမိသည်။

ခပ်တိုးတိုးဆိုသည့် ဖေးယွီ အသံကို
ယွင်ရှီး မကြားမိဘဲ မှေးစက်နေ၏။
ဖေးယွီ အလိုက်ကန်းဆိုးမသိတာ မဟုတ်ပေမဲ့...
ဒီလိုလှပသည့် မြင်ကွင်းကို ယွင်ရှီးနှင့်အတူ
မျှဝေခံစားချင်မိသည်။ ဒါကြောင့် ယွင်ရှီး၏
ပါးပြင်ကို ခပ်ဖွဖွ ထိကာ နိုးလိုက်၏။

ယွင်ရှီး၏ မျက်ဝန်းတွေက ပွင့်ဟလာ၏။
မှေးတစ်ဝက် နိုးတစ်ဝက်ကနေ ဖေးယွီ၏ မျက်နှာလေးကို မြင်လိုက်ရတာကြောင့် ယွင်ရှီး ပြုံးကာ
ဖေးယွီဆီ လက်သွယ်သွယ်ကို လှမ်း၏။

" ယွင်ရှီး ထကြည့်! ထကြည့်!
ဟိုမှာ ကြောင်မြှီးလေးတွေအများကြီးပဲ"

ကြောင်အမြှီးလေးတွေလို့ ပြောသံကြောင့်
ယွင်ရှီး လှမ်းကြည့်လိုက်တော့
ရယ်လိုက်မိတော့သည်။

သို့ပေမဲ့ မြင်လိုက်ရသည့် ဖေးယွီ ပုံစံကြောင့်
ယွင်ရှီး ချက်ချင်း မျက်မှောင်ကြုတ်သွား၏။
ကားပြတင်းပေါက်အပြင်ဘက်ကို ခေါင်းလေး
ပြူတစ်၊ ပြူတစ် ထွက်ကာ အပင်တွေကို
ပျော်ရွှင်စွာ ကြည့်နေသည့် ငတုံးဟော့စကီးလေး။

Elegiac (Fanfic)Where stories live. Discover now