Chapter 8

122 20 8
                                    

Chapter 8

Luo ကုမ္ပဏီ ၏ CEO သည် ငယ်ငယ်ရွယ်ရွယ်နဲ့
ဥာဏ်ရည်ထက်မြက်ကာ ချမ်းသာလွန်းပြီး
အာဏာရှိသည်ကို ဖေးယွီ သိပါ၏။
အဘယ်ကြောင့်ဆိုသော်
သူ့အဖေသည်လည်း ထိုCEOအကြောင်းကို တဖွဖွ ပြောနေတတ်လွန်း၍ပင်။ သို့သော်...
ယွင်ရှီး လို့ သူ မထင်ခဲ့မိပေ။

သူ ထိုစီးပွားရေး မြေခွေးဖြူကြီးနှင့်
ယွင်ရှီးကို ဆက်စပ်၍ပင် မရ။ ဒီလို လေးလံသည့်ဖိအားတွေကို...ဒီလို သေးသေးသွယ်သွယ်
ကောင်လေးတစ်ဦးသည် ခံနိုင်ရည်ရှိသည်တဲ့လား။
ဘယ်လောက်ထိ ပင်ပန်းနေလိုက်မလဲ...။

ကားကို ယွင်ရှီး ပြောထားသည့် အိမ်လိပ်စာအတိုင်း ဂရုတစိုက် မောင်းနှင်ရင်း သူ့ဘေးမှာ
အိပ်ပျော်နေသည့် ကြောင်ဖြူလေးကို လှမ်းကြည့်မိလိုက်သည်။

အဖျားသွေးကြောင့် မျက်နှာသေးသေးလေးသည် နီရဲနေပြီး နူတ်ခမ်းတို့သည် ဖြူဖျော့နေ၏။
ကားမှန်ပြတင်းကနေ ဖြတ်သန်းဝင်ရောက်လာသည့် နေရောင်ဖျော့ဖျော့သည် ယွင်ရှီး၏
မျက်နှာလေးကို ရိုက်ခတ်နေလေသည်။

ယွင်ရှီး၏ အိမ်ရှေ့ကို ရောက်သွားချိန် ဖေးယွီ မှင်သက်မိသွားမိလေသည်။
ခြံဝန်းသည် တောအုပ်လေးသဖွယ် စိမ်းစိုအုံ့မှိုင်းနေပြီး ကြီးမားသည့် အိမ်သည် အနောက်တိုင်းဆန်နေလေ၏။ အိမ်ဟာ ဗီလာပုံစံဆောက်ထားကာ လုံခြုံရေးသည်လည်း တင်းကြပ်နေသေးသည်။

သူ တစ်ချိန်ထဲမှာပဲ ကိုယ့်ကိုယ်ကို
သိမ်ငယ်မိသွားမိလေသည်။ ယွင်ရှီးသည်
သူ့သူငယ်ချင်းပေမဲ့ သူ လိုက်မမှီလောက်တဲ့
အကွာအဝေးတစ်နေရာမှာ ရှိနေသောသူဖြစ်နေလေ၏။ ထိုသူသည်
ခမ်းနားကြီးကျယ်သောသူ...
အရည်အချင်းရှိသောသူ...
ထည်ဝါသောသူ ဖြစ်နေလေသည်။

ဖေးယွီ နူတ်ခမ်းကို ကိုက်ကာ
အိပ်နေသည့်လူသားအား
တစ်ချက်ကြည့်လိုက်ပါ၏။

အိမ်အကူတို့သည် အလိုက်တသိပင် ခြံဝန်းကို ဖွင့်ပေးကာ အသံသေးသေးလေးပင် မထွက်ကြချေ။
သူသည်လည်း ယွင်ရှီးကို လှုပ်နိုးလိုက်တော့သည်။

ယွင်ရှီးသည် မျက်မှောင်ကို ကြုတ်ကာ
မျက်လုံးကို တစ်ဝက်တစ်ပျက် ဖွင့်ရင်း
သူ့ကို ကြည့်လာ၏။ ပြီးနောက် ပြန်အိပ်လိုက်လေသည်။

Elegiac (Fanfic)Where stories live. Discover now