Chapter 7

137 21 2
                                    

Chapter 7

ယွင်ရှီး နာကျင်နေသည့် ခန္ဓာကိုယ်ကို
လျစ်လျူရှုရင်း...နဖူးပေါ် လက်တင်ကာ
အတွေးထဲ မျောနေမိသည်။

ကုတင်ထက် ငြိမ်သက်စွာ လဲလျောင်းနေရင်းကနေ
အခန်းပတ်ပတ်လည်ကို ပြန်ကြည့်လိုက်တော့
သူ တစ်ယောက်ထဲပင်။ အမြဲတမ်း သူသည်
သူ့ကမ္ဘာငယ်လေးထဲတွင် တိတ်တိတ်ဆိတ်ဆိတ် ကျန်ရစ်ခဲ့ပါ၏။ အမြဲ သူ တစ်ယောက်ထဲ...။ အရင်ကလည်း ထိုသို့ပင်။ ယခုလည်း ထိုအတိုင်း။

သူ အသံထွက်ရယ်မောမိလိုက်သည်။
သူ ဘာတွေ မျှော်လင့်နေခဲ့တာလဲ?
ဘာတွေထပ်ပြီး မျှော်လင့်နေမိတာလဲ?
ဘာတွေများ ထပ်ပြီး မျှော်လင့်ချင်နေရတာလဲ?

ယွင်ရှီး၏ အက်ရှရှ ရယ်မောသံသည် အခန်းငယ်လေးထဲ ပျံ့လွင့်နေလျက်...။ လောကကြီးကို ရယ်မောမိသည်လား ဒါမှမဟုတ် သူ့ကိုသူ
ရယ်မောနေမိသည်လားဆိုတာ သူ မသဲကွဲ။

သူ ကုတင်ထက်ကနေ ခြေစုံထရပ်လိုက်၏။
သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်တော့ သန့်ရှင်းနေလေသည်။ အနှီချန်ဖေးယွီသည် မိမိကို သန့်ရှင်းရေး
လုပ်ပေးခဲ့သည့်ဟန်ပင်။

သူ သက်ပြင်းချရင်း ရေချိုးခန်းဆီ
ခြေလှမ်းလှမ်းလိုက်တော့သည်။

မှန်ထဲက ကောင်လေးတစ်ယောက်...
နုနုငယ်ငယ်နှင့် လှပကျော့ရှင်းနေ့သည့်
မျက်နှာလေး...
လှပသည်ဆိုသော်လည်း...ထိုလှပခြင်းသည်
မိန်းမဆန်မနေ...။ ခန့်ညားခြင်း၊ တည်ကြည်ခြင်း ၊ အေးစက်ခြင်းတို့ ပါဝင်နေ၏။ နီထွေးနေသည့်
နူတ်ခမ်းပါးပါးတစ်စုံသည် မြတ်နိုးဖွယ်ကောင်းနေသည်။ လည်ပင်းသားတို့တွင် စုပ်ယူခံထားရသည့် နီရဲရဲ အမှတ်တို့သည် ခရမ်းရောင်
ပြောင်းလုနီးပါး ဖြစ်နေလေသည်။

မှန်ထဲက နုငယ်နေသည့် သူ့ကိုသူ ယွင်ရှီး
အချိန်အတန်ကြာ ကြည့်နေမိသည်။

သူ အချိန်အတော်ကြာ
ရေချိုးကန်ထဲမှာ သေချာ
ဆေးကြောသန့်စင်နေမိသည်။
ထို ချန်ဖေးယွီ၏ အငွေ့အသက်တို့ မိမိကိုယ်ပေါ်ကနေ ပျောက်ကွယ်သွားအောင်လို့ ဆေးကြောသန့်စင်နေရင်း စိတ်အာရုံထဲတွင်
နုငယ်သည့် မျက်နှာတစ်ခုကို မြင်ယောင်လာ၏။

Elegiac (Fanfic)Where stories live. Discover now