Chapter 9

117 18 1
                                    

Chapter 9

Other ဖေးယွီသည် သူ့နူတ်ခမ်းကို ခပ်ဖွဖွ
အနမ်းပေးလာ၏။ သူ မရုန်းမိသလို၊
ပြန်လဲ မတုံ့ပြန်မိ။ ထို ချန်ဖေးယွီသည်
သူ့မျက်နှာအနှံ့ကို ညှင်သာနူးညံ့စွာ
နမ်းရှိုက်နေခဲ့သည်။
ထိုအနမ်းထဲက မြတ်နိုးမှုကို ယွင်ရှီး ခံစားမိပါ၏။ သို့သော် ထိုသူ့မြတ်နိုးရာမှာ သူ မဟုတ်ခဲ့ပေ။

" ယွင် ကိုယ် ရှိနေမှန်း ဘယ်လိုလုပ်သိတာလဲ"

" မင်းတည်ရှိမှုကို ငါ ခံစားလို့ရတယ်လေ "

ခပ်ရှရှ ရယ်မောသံသည် ပျံ့နှံ့လာ၏။
သူ့နောက်ကျောကနေ ချန်ဖေးယွီက သူကို
ပွေ့ဖက်လာကာ သူ့လည်တိုင်ကို ခပ်ဖွဖွ
ဖိနမ်းလာ၏။

" နာနေသေးလား?"

"အဆင်ပြေပါတယ်"
ယွင်ရှီး ထိုသို့သာ တုံ့ပြန်လိုက်၏။

ယွင်ရှီး၏ လည်ပင်းသားပေါ် ခေါင်းအပ်ကာ
ဖေးယွီ ပြောမိသည်။

" ယွင်...ကိုယ်လေ..."

"အင်း ဆက်ပြော..."

ယွင်ရှီး ချန်ဖေးယွီရင်ခွင်ထဲ၌
သက်တောင့်သက်သာဖြစ်စွာ မှီလိုက်၏။

" ကိုယ် အရင်ထဲက
ကျုံလဲ့ကို အရမ်းမနာလိုဖြစ်ခဲ့တာ"

ယွင်ရှီး မျက်လုံးတို့ တောက်ပသွား၏။
ဒါဆို သူ့ဖေးယွီကရော ဒီလိုပဲလား။

" ဘာလို့လဲ"

"သူက မင်းနဲ့ အရမ်းရင်းနှီးတယ်...
မင်းအကြောင်း အကုန်သိသလိုပဲ...
ကိုယ် အရမ်း အရမ်း သဝန်တိုမိပေမဲ့ မပြောရဲခဲ့ဘူး...
မင်း ကိုယ့်ကို စွန့်ပစ်သွားမှာ ကြောက်လို့..."

ယွင်ရှီး ခပ်တိုးတိုး အမှန်တိုင်းပြောလိုက်ပါ၏။
ထိုချန်ဖေးယွီအပေါ် သူ ရိုးသားလို့ရသည်လေ။

" လဲ့လဲ့က ငါနဲ့ ဘာမှမပတ်သတ်ပါဘူး...
သဝန်မတိုပါနဲ့...
ငါ့ကို ယုံ"

ချန်ဖေးယွီ ဒီစကားကြောင့် ပြုံးလိုက်တော့သည်။
ဒါက ယွင်ရှီး သူ့ကို ပထမဆုံးအကြိမ်ရှင်းပြခြင်းပေ။ အရင်ကဆို သူ့ကို မရှင်းပြတတ်သလို၊
မေးမြန်းရင်လည်း
မကြိုက်ပေ။

Elegiac (Fanfic)Where stories live. Discover now