Chapter 1

890 55 1
                                    

Chapter 1 (တွေ့ဆုံခြင်း)

" တွေ့ရတာ ဝမ်းသာပါတယ် "

ယောကျာ်းတစ်ဦး၏ ပြတ်သားထင်ရှားသည့် မျက်နှာ အစိတ်အပိုင်းတို့သည်
နွမ်းနယ်ခြင်းအပြည့်....။
မျက်ဝန်းတို့သည် ရီဝေ အုံ့မှိုင်းနေလေသည်။
နူတ်ခမ်းဒေါင့်စွန်းတို့သည် ပြေတင်းနေသေး၏။ အက်ရှရှအသံက မိမိ၏ အသိစိတ်တစ်ချို့ကို တုန်ရီသွားစေလောက်သည့်အထိ ဝိုးဝါး တိုးလျှနေသည်။

ထိုသူသည် မိမိ၏ နံဘေး ထိုင်ခုံတွင် ဝင်ထိုင်၏။
စားပွဲခုံပေါ် ခေါင်းကို မှောက်ကာ၊
ညာဘက်လက်တစ်စုံက စားပွဲကို ခေါက်နေသေးသည်။

မိမိ၏ မျက်နှာ အစိတ်အပိုင်းတိုင်းကို
လွမ်းဆွတ်တမ်းတစွာဖြင့် ကြည့်နေသည်ကို
ယွင်ရှီး ခံစားမိလေသည်။

လွမ်းဆွတ်သော အကြည့်တို့ထဲတွင် မုန်းတီးခြင်း...၊ အပြစ်တင်ခြင်း...၊ ယူကျုံးမရဖြစ်ခြင်း....၊ တွယ်တာခြင်း...၊ မြတ်နိုးခြင်းတို့သည် အချိုးကျ ပါဝင်နေ၏။

ထိုသူက ဘယ်သူလဲ?
မိမိနှင့် မသိပါဘဲ ဘာလို့
ရင်းနှီးချင်ယောင်ဆောင်နေရသနည်း....။

ယနေ့သည် တက္ကသိုလ် စတတ်သည့် ပထမဆုံးနေ့...။
ဒီလို လူစားမျိုးနှင့် လာဆုံသည်တဲ့လား။

ယွင်ရှီး ထိုသူကို မျက်ဝန်းသေတို့ဖြင့်
စိုက်ကြည့်၏။ မည်သည့်စကားကိုမျှ မဆိုမိချေ....။

မိမိသည် လူတို့နှင့် ကွာဝေးစွာ နေလေ့ရှိသူ...။
မိမိ၏ မှတ်ဥာဏ်ထဲတွင်လည်း ထိုသူနှင့်
ပတ်သက်သည့် မှတ်ဥာဏ်  မြူမှုန်တစ်စမျှ
မရှိခဲ့ချေ။

ထိုသူနှင့် မိမိသည် အသက်အရွယ်ကွာဟလွန်းနေသည် ဟု ယွင်ရှီး မှတ်ချက်ပြု၏။
ငယ်ရွယ်နုပျိုမှုနှင့် ပြည့်နှက်နေမည့် ဤတက္ကသိုလ်ထဲ၌ ဒီလို အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ဦးသည် အဘယ်သို့သော အကြောင်းအရာနှင့်
ဝင်ရောက်လာပါသနည်း....။

ထိုသူ့၏ နူတ်ခမ်းပါးတို့သည် ဖွင့်ဟလာ၏။

" ငါ့ကို ဂရုစိုက်ပေးပါ..."
အသက်ရှုသံပြင်းပြင်းနှင့်
အက်ကွဲရှိနေသည့် လေသံ....။

Elegiac (Fanfic)Where stories live. Discover now