Chapter 5

153 24 0
                                    

Chapter 5

ပိုက်ဆံဖြတ်ခံရ၍ မှိုင်တွေနေသည့်
ဖေးယွီကြောင့် ယွင်ရှီး သက်ပြင်းချလိုက်သည်။
ထို့နောက် အတွေးတစ်ခုသည် ဖြတ်ခနဲ
ပေါ်လာပေ၏။

ဒါ အခွင့်အရေးတစ်ခုပဲလေ...
ဖေးယွီဘဝထဲမှာ သူ တစ်ဦးထဲသာ
ဖြစ်လာမည့်အခွင့်အရေးတစ်ခု...
ဖေးယွီ ဘဝထဲ အရေးပါသည့်လူများထံကနေ
ဖေးယွီကိုယ်တိုင် သူ့ဆီ
တဖြေးဖြေးဝင်ရောက်လာအောင် လုပ်လျှင်ကော?
ဖေးယွီသည် မိမိ အပိုင်ဖြစ်သွားမည်
မဟုတ်ပါလား...

" အိမ်ပေါ်ကနေ ဆင်းလိုက်လေ...
ဘယ်လိုလဲ..."

တောက်ပသည့် မျက်ဝန်းတို့ဖြင့်
ကြည့်ကာ ပြောလာသည့် ယွင်ရှီး...

အိမ်ပေါ်က ဆင်းလာရန် ပြောနေသည့်
ယွင်ရှီးကြောင့် ဖေးယွီ နူတ်ခမ်းစူကာ
ခေါင်းခါလိုက်၏။

အိမ်ပေါ်က ဆင်းလာရင်
သူက ဘယ်မှာသွားနေရမှာလဲလို့!
လေလွင့်ခွေးလေး ဖြစ်သွားပြီး လမ်းပေါ်
ငတ်ပြတ်သေသွားရင် ဘယ်လိုလုပ်မလဲ...
သူက ကိုယ့်​ကိုကိုယ် အရမ်းချစ်တတ်တာပါနော်!
ကိုယ့်ကိုယ်ကို ဘာအထိအခိုက်မှ မခံရစေချင်ဘူး!
ပြီးတော့ ပါးပါးတို့နဲ့လည်း မခွဲနိုင်ပါဘူး....
ဖားသားကြီးရော မာသားကြီးကလည်း
အလိုလိုက်တာပဲကို!
သူ ဒီလ ပိုက်ဆံသုံးတာများသွားလို့
သင်ခန်းစာပေးတဲ့သဘောပဲ...
ပြီးရင် သူ ဒရမ်မာခင်းပြရင်
တစ်ပတ်တောင်မကြာဘူး
ပြန်ပေးမှာလေ...

" မင်း နေစရာ စားစရာမရှိမှာဆိုးရင်
ငါ့ဆီမှာ လိုက်နေလေ...
ငါ မင်းတစ်ယောက်ကိုတော့
ပြည့်စုံလုံလောက်အောင် ထားပေးနိုင်ပါတယ်..."

ဖေးယွီ ထပ်မံ ခေါင်းခါပြလိုက်၏။
သူ ငယ်ငယ်ကထဲ မိဘတွေနှင့် မဝေးကွာဘူးပေ။
ဒီလောက်လေးနှင့် အိမ်ပေါ်ကဆင်းရအောင်ကလည်း ကလေးဆန်လွန်းသည်လေ...။ ပြီးတော့
မိဘလောက် ဘယ် သူစိမ်းကမှ ကောင်းမည်မဟုတ်။
ယွင်ရှီးသည် သူ့ကို ခေါ်ထားပေးမည်ဆိုအုံးတော့ ဘယ်နှစ်လလောက်ထိ ခေါ်ထားနိုင်မှာတဲ့လဲ...
အလွန်ဆုံး လေး၊ငါးလပေါ့...
တစ်သက်စာ ခေါ်ထားပေးနိုင်မှာလည်း မဟုတ်ပေ။ ဒါကြောင့် သူ ယွင်ရှီးကို အလုပ်မပိုစေချင်ပေ။ 

Elegiac (Fanfic)Where stories live. Discover now