Chapter 3

171 29 2
                                    

Chapter 3

ဖေးယွီ မျက်ဝန်းတွေ ဖျတ်ခနဲ ပွင့်လာလေသည်။
ခန္ဓာကိုယ်၏ အတွင်းပိုင်း ဟိုး...
အနက်ရှိုင်းဆုံးနေရာကနေ စူးအောင့်နေမှုကြောင့် သူ့၏နှစ်ခြိုက်စွာ အိပ်ပျော်နေခြင်းကနေ
နိုးထလာရသည်။

အိမ်မက်တစ်ခု....
ဝေ့ဝါးနေပေမဲ့ စစ်မှန်လွန်းသည်လို့
ခံစားနေရသည့် အိမ်မက်တစ်ခု...

ထိုအိမ်မက်ထဲ၌ တစ်စုံတစ်ယောက်သည်
သူ့ကို အေးစက်စွာ စိုက်ကြည့်နေလေသည်။
သူသည်လည်း အဘယ်သို့သော အကြောင်းအရင်းကို မသိပါဘဲ ကြောက်လန့်ခြင်း၊ စိုးရွံ့ခြင်းနှင့်
မစွန့်လွှတ်နိုင်ခြင်း စတဲ့ ခံစားချက် ပေါင်းစုံ
ရောပြွန်းနေလျှက်...ထိုသူ့အား
ဒူးထောက်တောင်းပန်နေခဲ့သည်။

ငိုကြီးချက်မဖြင့်...
ထိုသူ့၏ရှေ့တွင် မာနမရှိသော လူတစ်ယောက်ကဲ့သို့ ဒူးထောက်နေသည့် မိမိ၏ ပုံရိပ်...

ယောကျာ်းတစ်ဦး၏ ဘဝတွင်
ငိုကြွေးခြင်းဟူသည် လွန်စွာ ရှားပါးပေ၏။
ထို့အပြင်
တစ်စုံတစ်ယောက်၏ မျက်မှောက်၌
ငိုကြွေးခြင်းသည် သာ၍ပင် ရှားပါးသေးသည်။
သူသည် တစ်စုံတစ်ယောက် ၏ အရှေ့တွင်
အရာရာဆုံးရှုံးခဲ့ရသူလို ငိုကြွေးခဲ့သည်တဲ့လား?
အဘယ်​ကြောင့်နည်း?

ဝေ့ဝေ့ဝါးဝါး မှုန်ရီ​နေသည့် အိမ်မက်တစ်ခု...

ထိုသူသည် မည်သူမှန်း သူ သေချာမသိ...။
ဝေ့ဝါးနေသည့် မျက်နှာကိုသာ မှတ်မိလေသည်။
အေးစက်ကာ သူ့အား မြူမှုန်မျှ အရေးမပါသလို
စိုက်ကြည့်နေသည့် မျက်ဝန်းတို့ကိုသာ
မှတ်မိလေသည်။

ဖေးယွီ နာကျင်စူးအောင့် နေသည့်
မိမိရင်ဘတ်အား ဆုပ်ကိုင်မိလိုက်သည်။ ပြီးနောက် ညာဘက်လက်သည် သူ့၏ မျက်နှာပေါ်သို့
အလိုလို ထိတွေ့မိလိုက်စဥ်မှာပဲ စိုစွတ်ပူနွေးနေဆဲ
မျက်ရည်စတို့ကို ခံစားလိုက်ရသည်။

           >>>>>>>>>>Elegiac<<<<<<<<<<<

လတ်ဆတ်နေသည့် လေနွေးပျပျတို့သည် စာသင်ခန်းထဲသို့ တိုးဝင်လာလေသည်။
ဆရာ၏ စာရှင်းပြနေသည့် လေသံသည် ဖေးယွီ
နားထဲ ကြားလိုက်၊ မကြားလိုက်...။

Elegiac (Fanfic)Where stories live. Discover now