Chapter 6🚨

291 22 2
                                    

Chapter 6

အပြာနုရောင် လွှမ်းမိုးနေသည့် အခန်း...
ယောကျာ်းလေးတစ်ဦး၏ အခန်းငယ်...

ယွင်ရှီး ဖေးယွီအခန်းထဲ ဝင်ကာ
လိုက်လံကြည့်ရှုမိလိုက်သည်။

အခန်း၏ ဘယ်ဘက်ခြေရင်းကို ကြည့်လိုက်တော့
ဖိနပ်အမျိုးမျိုးကို မှန်ဘောင်အကြီးကြီးဖြင့်
စီရီထားသည်။ ထိုဖိနပ်တို့၏
စျေးနှုန်းတွေသည်လည်း လှည့်ကြည့်စရာမလိုလောက်အောင် စျေး ခေါင်ခိုက်နေပေလိမ့်မည်။
သူ့အတွက် ဤပိုက်ဆံလောက်သည်
ပိုက်ဆံဟု ခေါ်၍မရ။ သို့ပေမဲ့ Chen Kai Ge အတွက်တော့ အနည်းငယ် များပေလောက်သည်။

ယွင်ရှီး အကြည့်ကို ရွှေ့လိုက်တော့
နောက်ထပ်မှန်ဗီဒိုထဲတွင် Anime figure တွေကို အစီအရီ လှလှပပ စီထားသည်။
အရုပ်မျိုးစုံကို ကြည့်ပြီး ယွင်ရှီး မျက်ခုံးပင့်ကာ
ဖျော့ဖျော့ပြုံးမိလိုက်သည်။

ကလေးဆန်လိုက်တာ!

အဖြူရောင်ကုတင်ပေါ်မှာ လှဲလျှက်
အိပ်ရာခင်းစောင်ဖြင့် ကိုယ်ကို ဖုံးကွယ်ထားသည့် ဖေးယွီက မုန့်ညှင်းထုပ်လေးလို လုံးလုံးလေး
ဖြစ်နေ၏။

ယွင်ရှီး ကုတင်အစွန်းပေါ် ထိုင်လိုက်တော့
အဖြူလုံးလုံးလေးသည် တုန်သွားလေသည်။

" အခုမှ  လာမခေါ်နဲ့ ပါးပါး ဟွန့် !
ယွင်ရှီးပဲ ဂရုစိုက်နေလိုက်တော့!
ဒီက အငတ်ခံပစ်မယ်!
ထမင်း မစားတော့ဘူး ဝူးဝူး"

ဝူးဝူးဝါးဝါးဖြင့် စောင်ထဲကနေ ဗလုံဗထွေး
ပြောနေသည့် ဖေးယွီက သူ မှန်း သိသေးပုံမရပေ။

" ဝက်တွေက အငတ်ခံတတ်တာလား"

သူ့အသံကြားတော့ စောင်ထဲက ဖေးယွီက
မျက်လုံးလေးကိုသာ ဖော်လာ၏။

အဖြူရောင် စောင်ပုံထဲကနေ မြင်လိုက်ရသည့် မျက်လုံးလေးကြောင့် ယွင်ရှီး ပြုံးချင်သွားပေမဲ့
ထိန်းမိလိုက်ပါ၏။

" ငါ့ကို ဝက်လို့ ပြောတာလား!"

"ဟမ်?
မင်းက ဝက်လို့ ငါ ပြောမိလို့လား?"

"ယွင်ရှီး!"

မျက်လုံးလေးပဲ ဖော်ထားသဖြင့် ဖေးယွီ
အသက်ရှူကြပ်နေမည်ဆိုးတာကြောင့် ယွင်ရှီး
စောင်လေးကို ဖော်လိုက်တော့ ပွယောင်းယောင်းဖြစ်နေသည့်ခေါင်းလုံးလုံးလေးက ပေါ်လာလေသည်။

Elegiac (Fanfic)Where stories live. Discover now