Chapter 10
ယွင်ရှီး Other ဖေးယွီအကြောင်းကို
စဥ်းစားနေမိသည်။
သူ ထိုချန်ဖေးယွီရောက်လာကထဲက
parallel worldတွေ၊
parallel universe တွေအကြောင်း ညလုံးပေါက် ရှာဖွေခဲ့သလို၊ စာတွေလည်း ဖတ်ကာ
လေ့လာခဲ့သည်။Other ဖေးယွီ၏ ကမ္ဘာသည် သူ့၏ ကမ္ဘာနှင့်ထပ်တူကြနေပေလိမ့်မည်။ သို့ပေမဲ့ Other ဖေးယွီ၏
ကမ္ဘာသည် ဖြစ်ခဲ့ပြီးသွားပြီဖြစ်တဲ့ ကမ္ဘာတစ်ခု...။ သူ့ကမ္ဘာကတော့ လက်ရှိကမ္ဘာ။သူတို့သည် တူညီကြပေမဲ့ ခြားနားနေ၏။
Other ဖေးယွီနှင့် Other ယွင်ရှီးလို အဖြစ်မျိုး
ယခု ဖေးယွီနဲ့ သူ့ကြားမှာ ဘာမှမဖြစ်လာသေးပေ။
ဒါပေမဲ့ ဖြစ်ကို ဖြစ်လာမည့် အနာဂတ်။ဖေးယွီသည် အသက်၂၈နှစ်တွင် ကိုယ့်ကိုယ်ကို
သတ်သေခဲ့ခြင်း။ ဒီအနာဂတ်သည်
ပြောင်းလဲသွားမည်ဆိုလျှင်တောင် ဖေးယွီ၏ အသက်အန္တရာယ်သည် စိုးရိမ်စရာကောင်း၏။ထိုအနာဂတ်ကို သူ အရမ်းကြောက်မိတာကြောင့်လည်း ဖေးယွီကို သူ့အနားမှာ ခေါ်ထားဖို့
တွေးခဲ့ခြင်းပေ။ ဒီလိုဆို
သူတို့နှစ်ဦး၏ အဆုံးသတ်သည်
လိပ်ပြာတောင်ပံခတ်သံလို အကျိုးသက်ရောက်ပြီး ပြောင်းလဲသွားနိုင်၏။ထိုသို့တွေးရင်း ယွင်ရှီး မှေးခနဲ
အိပ်ပျော်သွားလေ၏။အချိန် မည်မျှ ကြာသွားသည်ဆိုတာ သူ မသိ။
ယွင်ရှီးနားထဲ အသံခပ်တိုးတိုးကို ကြားနေရသည်။.
.
.ဖေးယွီ ကုတင်ထက် အိပ်ပျော်နေသည့်
လူသေးသေးလေးကို ချောင်းကြည့်ကာ
အခန်း တံခါးကို ဖြေညှင်းစွာ ဖွင့်၍ ဝင်လာ၏။ယွင်ရှီးဟာ အိမ်မက်ထဲမှာ အပြင်းအထန်
ရုန်းကန်နေဟန်။ ဖေးယွီ ယွင်ရှီး၏မျက်နှာလေးကို
ခပ်ဖွဖွ ပုတ်ရင်း နှိုးလိုက်၏။" ယွင်ရှီး...ယွင်ရှီး...
ထတော့လေ...အစာစားပြီး ဆေးသောက်ရမယ်"ယွင်ရှီး ဖေးယွီ၏လက်ကို
နောက်ဆုံးသောကောက်ရိုးမျှင် တစ်စလို
တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း နိုးထလာ၏။
YOU ARE READING
Elegiac (Fanfic)
FanficElegiac means expressing sadness, especially because someone has died or because something no longer exists. Story genres include Parallel universe, Romance , BL, Paranormal, Mature etc... 🚨 Warning for this story.... This story must be include da...