Chapter 4

160 24 0
                                    

Chapter 4

ယွင်ရှီး မိမိမျက်ဝန်းရှေ့က
ဖြူစင်သည့်ကောင်ငယ်လေးကို စိုက်ကြည့်နေ၏။ ထိုကောင်လေး၏ မျက်ဝန်းနက်တို့သည်
ဖြူစင်နေလွန်း၏။ မျက်နှာပေါ်က ကြည်စင်လွန်းတဲ့ အပြုံးနုနုဟာ အစဥ်အမြဲ လူတိုင်းကို
ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲနေတတ်၏။

ထိုအပြုံးသည် သူ့တစ်ယောက်ထဲသာ
ပေးအပ်ရမည့် အပြုံး မဟုတ်ပေဘူးလား?
အပြည့်အဝပိုင်ဆိုင်မှုကိုသာ
သဘောကျသည့် သူ့လိုလူအတွက်
ဖေးယွီ၏ အရာရာသည် သူ့တစ်ဦးထဲ၏
ပိုင်ဆိုင်မှုသာ ဖြစ်သင့်ပေသည်။

သူ့တစ်ယောက်ထဲအတွက်၏ တည်ရှိမှုမဟုတ်လျှင် ဒီဖြစ်တည်မှုသည် သူ့အတွက် အရေးမပါ...။
ဒီတည်ရှိမှုသည် သူ့ထံသာ အလုံးစုံ နှစ်မြုပ်နေစေရပေမည်။ ထိုသို့မှမဟုတ်လျှင်တော့ ​
ဒီဖြစ်တည်မှုသည် ပျောက်ကွယ်သွားသည်က
ပိုမကောင်းပေဘူးလား?

ယွင်ရှီး သက်ပြင်းကို ခပ်ပြင်းပြင်းသာ
ရှိုက်လိုက်ပါ၏။
သူ့စိတ်ထဲက အမှောင်ထုသည် ထိုဖေးယွီကြောင့်
ပို အားကောင်းလာသည်ကို သူ သတိထားမိသည်။

သူ့ကို သွားဖြူဖြူလေး ပေါ်လာအောင်
ရယ်ပြနေသည့် ဖေးယွီ...။

ထို ရယ်မောမှုလေးသည် ယွင်ရှီး၏
အမှောင်ထုကို ငြိမ်းအေးသွားစေသယောင်...။
နှလုံးသားထဲက ငြိမ်သက်ညက်ညောမှု သဲ့သဲ့...။

ဖေးယွီသည် သူ့အား စူးစိုက်စွာ ကြည့်နေသည့်
ယွင်ရှီး မျက်ဝန်းတွေကြောင့် မျက်လွှာကို ချမိလိုက်သည်။ ယွင်ရှီးသည် မိမိကို အမြဲ သားကောင်တစ်ကောင်ကို လိုက်နေသည့် မုဆိုးတစ်ဦးကို
ကြည့်နေတတ်သည်။ ယွင်ရှီး၏ ရေသေလို မျက်ဝန်းတို့သည် အစဥ်အမြဲ သူ့ကိုသာ ကြည့်နေတတ်သည်...။

ယွင်ရှီးသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်...
အမြဲ သူ့ကိုသာ ကြည့်နေတတ်သည်...။

ဖေးယွီ ယွင်ရှီး၏ မျက်ဝန်းတွေထဲတွင် နူးနူးညံ့ညံ့ ကြည့်မိလိုက်တော့....ထိုမျက်ဝန်းတွေထဲတွင်
ပြုံးနေသည့် ကောင်လေးတစ်ဦး၏ ပုံရိပ်လေးကို
မြင်နေရသည်။

Elegiac (Fanfic)Where stories live. Discover now