Part.4(U+Z)

2.6K 176 2
                                    

(Unicode.)

ဝမ်ရိပေါ် က အစည်းဝေးအခန်းထဲမှာ အစည်းဝေးလုပ်နေသည် .ခနနေ ရွယ်ယန်ဝင်လာခဲ့ပီး
ဝမ်ရိပေါ်နားကိုတိုးတိုးနဲ့ ပြောလိုက်သည် ..

"သခင်လေး ဟိုကောင်လေး ဒုက္ခရောက်နေပါတယ် ..."
ဆိုပီး ရိပေါ်ချက်ချင်းဆိုသလိုထလိုက်ပီး အစည်းဝေးအခန်းကနေ ခြေလှမ်းကြဲတွေနဲ့ချက် ချင်းထွက်လာခဲ့သည်...အစည်းဝေးခန်းထဲကလူတွေလဲ ချက်ချင်းဆိုသလိုထပီး ရိပေါ်ကို အရိုအသေပေးကြ ကုန်သည်။

ရွယ်ယန် မြန်မြန်မောင်း
"တောက်... ကလေးလေး ဘာမှမဖြစ်ပါစေနဲ့ကွာ
ရွယ်ယန် ကလေး က ဘယ်လိုဖြစ်လို့လဲ"

"ဟုတ် အမျိုးသမီးတစ်ယောက်နဲ့ ရန်ဖြစ်နေတယ်လို့ ပြောပါတယ်သခင်လေး "

*တောက်စ်  ကျစ်!! မြန်မြန်မောင်းကွာ*

ဆိုင်ထဲမှာ လဲ ကျန့်ကျန့်တစ်ယောက်မျက်ရည်စလေးနဲ့  ထိုမိန်းက​​လေးကိုတောင်းပန်နေသည်။
''သားကိုအလုပ်တော့မထုတ်ပါနဲ့နော်...အမအိတ်ကဘယ်လောက်လဲဟင် သား ပြန်လျော်ပေးပါ့မယ်.အလုပ်တော့မဖြုတ်ပါနဲ့နော် အကို''
ကျန့်ကျန့်က ထိုမိန်းမကိုရော ဆိုင်ရှင်ကိုရော တောင်းပန်နေသည်.

"နင်လားလျော်နိုင်မှာ..ကောင်းပီးလေ ဒီအိတ်က သိန်း၁၀၀တန်တယ် ကျမ ချစ်သူ ကဂျပန်ကနေ ဝယ်လာတာ"

''ဗျာ....ဟိုလေအမ သိန်း၁၀၀တောင်သား ဘယ်မှာသွားရှာရမှာလဲ..အဲ့လောက်ပိုက်ဆံတွေ"

"အဲ့တာနင့်အပိုင်းလေ မလျော်နိုင်ရင် ရဲစခန်းလိုက်ခဲ့ ..."
    ဆိုပီး ကျန့်ကျန့်လက်ကိုဆွဲယူလိုက်တော့ ခုနက အပူလောင်ထားတာရော  ခုံနဲ့ဆောင့်မိတာရော  ပေါင်းပီး ကျန့်ကျန့်လက်က နာလာတော့သည်။

''အား အမ နာတယ် ...လက်.ကိုလွှတ်ပေးပါအုံး"

ထိုအချိန်တွင်
ဂျိမ်း!!!   ဆိုပီးတံခါးဖွင့်သံနှင့်အတူ သြဇာအာဏာအပြည့်နဲ့  တစ်ဆိုင်လုံးတိတ်ဆိတ်နေခဲ့သည်။

"ခင်ဗျာ ရဲ့အဲ့လက်နဲ့ သူ့ကိုလွှတ်လိုက်..!!"
ရိပေါ် အသံက မကျယ်ပဲ အရမ်းကို ကြ က်သီးထရလောက်အောင် အေးစက်နေခဲ့သည်။

  💚Sweet Love❤️(Completed)Where stories live. Discover now