(Unicode)
ကျန့်ကျန့်လေးရဲ့ကိုယ်ဝန်က အခုဆိုရင့်လာပါပီး...မွေးခါနီးဗိုက်ဆို တော့ တော်တော်လေးလဲ ပူလာပါပီး..ပါးကြီးကလဲဖောင်း လာသလို ချစ်စရာလဲကောင်းလာပါတယ်..။
Daddy ရိပေါ်ကတော့ ကုမ္ပဏီ မသွားတော့ပဲ သူ့ရဲ့ကလေးလေးကျန့်ကျန့် အတွက်အကုန်လုံးလုပ်ပေးသည် ။ထမင်းစားတဲ့အချိန်ဆို အောက်ထပ်ဆင်းစရာမလိုပဲ အခန်းထဲကိုယူလာပီး ရိပေါ်ခွပ်ကျွေးပေးသည်။ အခန်းထဲမှာလဲ ကျန့်ကျန့်လေး ခြေထောက်မအေးရအောင် အမွှေးပွပွအခင်းကို လဲခင်း ထားသည်။ ကျန့်ကျန့်လေးကို ဘာအလုပ်မှလဲပေးမလုပ်စေပဲ ရိပေါ်ကပဲ လိုလေသေးမရှိအကုန်လုံး လုပ်ပေးသည်။ တစ်ခါတစ်လေ ကျန့်ကျန့် လေးက ငိုချလိုက်သည်ဘာလို့လဲဆိုတော့ ဗိုက် ကကြီးလာတော့ ထိုင်ရခက် ထရခက်တယ်လေ ။အစားဆိုရင်လဲ အဟာရရှိတဲ့ဟာတွေ ပဲ ရွေးစားနေရတယ်ဆိုတော့ ကျန့်ကျန့်လေးက အဲ့တာတွေကြောင့် စိတ်အလိုမကျတဲ့အချိန်ဆို ထငိုပါရောလေ။
ဝမ်ရိပေါ်ကလဲ ချော့ရပြန်သည်။ ရိပေါ်လဲ သူ့ကလေး နေရထိုင်ရတာ မအီမသာဖြစ်နေတာကိုကြည့်ပီး သူလဲ စိတ်မကောင်းဖြစ် ရပါတယ်လေ။"ကိုကို ဘေဘီလေးရဲ့အခန်းက ပီးသွားပီးလားဟင်..."
"အင်း ပီးပီး ကလေး ကလေးကြည့်ချင်လား.."
"အင်းကြည့်ချင်တယ်"
ဘေဘီလေးရဲ့အခန်းက ရိပေါ်တို့ ကလေးရဲ့အခန်းလေးပေါ့ မွေးလာမဲ့ကလေးက သားသားလေးလားမီးမီးလေးလား ဆိုတာ မသိပါဘူး။
အာထရာဆောင်းရိုက်လို့ရပေမဲ့ ကျန့်ကျန့်လေးက မရိုက် ဘူးတဲ့လေ..မွေးတော့မှပဲ စပရိုက် ဖြစ်သွားရအောင်ဆိုပီး..ဘေဘီလေးရဲ့အခန်းက အဖြူရောင်ဆေးသုတ်ထားပေးတယ်။.အရုပ်လေးတွေလဲ အများကြီး ထားထားတယ်လေ.။"ကိုကို ကလေးရင်ခုန်နေပီး သားသားလေးဖြစ်မလားမီးမီးလေးဖြစ်မလား ....ဟီးဟီး.အမ် ကလေးတို့ ဘေဘီလေး ရဲ့နာမည်တွေပေးရအောင်လေ"
"အမ် ကောင်းတာပေါ့ ဘယ်လိုလေးပေးကြမလဲ ကလေးစဥ်းစားထားတာရှိလား .."
''အင်း ကိုကို တကယ်လို့ သားသားလေး ဆို
ဝမ်ရှောင်ပေါင် လို့ ပေးမယ် မီးမီးလေး ဆိုရင်
တော့ကိုကိုပြောကြည့်."
YOU ARE READING
💚Sweet Love❤️(Completed)
FanfictionYiZhan Fan Fiction. Own Creation. Unicode. YiZhan Fic ပါနော်။ Drama မပါဘူး အချိုသက်သက်ပါရှင့်💛 Wang YiBo က Xiaozhanထက်အသက်ကြီးတဲ့ပုံစံနဲ့ရေးသွားမှာပါရှင့် ကိုကို နဲ့ ကလေးလေးပေါ့😙😙😙ပီးတော့ သဲငယ်တို့အကြိုက် အမှောင်လဲပါပါတယ်နော် အသက်မပြည့်လဲ ဖတ်ကြ...