Part.17{U+Z}

1.5K 93 6
                                    

(Unicode)

"First Year Resultက မနက်ဖြန်ဆိုထွက်ပါတော့မည်။
ကျန့်ကျန့်တစ်ယောက် ရင်တွေခုန်လွန်းလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့သည်..။

"ဘေဘီလေး ဘာဖြစ်နေတာတုန်း..."

"ကိုကို ကိုကို မနက်ဖန်resultထွက်ပီးလေ ကလေး ရင်တွေပေါက်ထွက်တော့မယ်.."

"ဟော ကလေးရယ် ဘာမှမဖြစ်နဲ့ လေစိတ်အေးအေးထားပါ ကိုကို့ဘေဘီလေးက တော်ပီးသားပဲလေ "

"အဲ့တာလဲ အဲ့တာပါပဲ ....."

"ဘာကို အဲ့တာက အဲ့တာလဲ....ကလေးရဲ့.."

"ဟိုလေ ဘေဘီ မသိတော့ဘူး ရင်ခုန်နေတာပဲသိတယ်."

"ဟော...စိတ်အေးအေးထားပါလို့....
လာကိုကို့အနားမှာငြိမ်ငြိမ်လေးလာထိုင်.... "

ထိုစဥ်.ကျန့်ကျန့်ဆီဖုန်းဝင်လာလို့ ကျန့်ကျန့်တစ်ယောက်လန့်သွားခဲ့သည်။
"အမလေး...ပြောပါ ကျင်းလင်ရေ့.."

"ကျန့်ကျန့် နင်ရင်မခုန်ဘူးလား..."

"ခုန်တာပေါ့ဟ သေတော့မယ်ဒီမှာ."

"နင်က လူတော်ပဲဆိုတော့ နင်Aရမှာပါဟာ...
ငါကတော့ မတွေးရဲစရာ Bမဟုတ်ရင်Cတော့ရမယ်......*
ကျင်းလင်က သက်ပြင်းချပီးပြောလိုက်သည်။

"ငါဘယ်မှာတော်လို့လဲ ငါသေချာပြန်စဥ်းစားကြည့်တော့ ငါအချို့နေရာတွေမှာ အဖြေမှားမှားနဲ့ဖြေထားတာလားလို့ မသိတော့ပါဘူး...."

ရိပေါ်က သူ့ရှေ့မှာ ဟိုဘက်လျှောက်လိုက်ဒီလျှောက်လိုက်နဲ့ ဖုန်းပြောနေတဲ့ ဘေဘီလေးကို ကြည့်ပီး ခေါင်းပါမူး​​နောက်သွားသည်။

"ဒါပဲ ဒါပဲ ဖုန်းချလိုက်တော့မယ် ဆုတောင်းလိုက်အုံးမယ်."

"အင်းအင်း ငါလည်းဆုတောင်းလိုက်အုံးမယ်...."

"ဘေဘီရေ့....လာ ထမင်းစားမယ်...7နာရီထိုးနေပီး"

"အင်း....."

ရိပေါ်နဲ့ကျန့်ကျန့်ထမင်းစားပီးသွားတော့...Tvထိုင်ကြည့်နေကြသည်....
"ကိုကို....."

"ဗျာ"

"ကလေးစိတ်ပူတယ်.."

"စိတ်သာချပါ ကိုကို့ကလေးက Aရမှာသိနေတယ်"

  💚Sweet Love❤️(Completed)Where stories live. Discover now