Part.18{U+Z}

1.6K 93 2
                                    

(Unicode)

ကလေးယူတဲ့ကိစ္စကြောင့် ကျန့်ကျန့်နဲ့ဝမ်ရိပေါ် စကားမပြောကြတာ ဒီနေ့ဆို၂ရက်မြောက်တဲ့နေ့ရှိသွားပါပီး.

ရိပေါ်ကတော့ ကျန့်ကျန့်ကို စကားတွေပြောနေပေ မဲ့ကျန့်ကျန့်ကတော့ အင်း နဲ့ဟအင်း နှစ်လုံးပဲပြန်ပြောသည်။ ထမင်းစားချိန်ဆို ကျန့်ကျန့် ကအောက်ထပ်ဆင်းလာပီး စားသည် ။.စားပီးသွားရင်လဲ အခန်းထဲမှာပဲပြန်နေနေ သည်.. အိပ်ချိန်ဆိုလဲ ကျန့်ကျန့်ကအရင်အိပ်ယာဝင်သည်.

ရိပေါ်ကတော့ ညဘက်အိပ်ရင် နေ့တိုင်းကျန့်ကျန့်နှာဖူးလေးကိုနမ်းပီးမှအိပ်သည်.
ကျန့်ကျန့်က အဲ့ဒါကိုသိပါတယ်..ဒါပေမဲ့ မျက်လုံးမဖွင့်ကြည့်ပါ။

ကျန့်ကျန့်က မနက်ဘက်ဆို ရိပေါ် ကုမ္ပဏီသွားပီးမှအိပ်ယာ ထ​ သည်။ဘာလို့ လဲဆိုတော့ ရိပေါ်ကို စကားသွားပြောမိမှာကြောက်လို့ပါ။

ရိပေါ်လဲ ပြင်ဆင်ပြီးလို့ ကုမ္ပဏီသွားရင်
"ကလေးလေး ကိုကိုကုမ္ပဏီသွားပီးနော် "ပြောပီးမှသွားသည် ...

ဒီနေ့လဲ ခါတိုင်းလို့ ရိပေါ်ကုမ္ပဏီသွားသည်...
ရိပေါ်သွားပီးမှ ကျန့်ကျန့်အိပ်ယာကနေထပီး မျက်နှာသစ်သွားတိုက်  မနက်စာစားသည်။
တကယ်တော့ ကျန့်ကျန့်လဲ ရိပေါ်ကိုစကားတွေပြောချင်ပါတယ်။
.
.
.
.

ရိပေါ်ကဒီနေ့ နိုင်ငံခြားက ရှယ်ယာရှင်တွေနဲ့ အခြား အရေးကြီးတဲ့အလုပ် အကြောင်း Meetingရှိနေသည်။

ဒေါက် ဒေါက်....!!
"MD....Sophiaကတွေ့ချင်လို့တဲ့...."

"ဝင်လာခိုင်းလိုက်."

"ဟုတ်ကဲ့....."
.
.
.

"ထိုင်ပါ ဘာကိစ္စရှိလို့လဲ "

"​အမ် ဘာကိစ္စမှလဲမရှိပါဘူး ဒီနေ့ အရေးကြီးအစည်းဝေးရှိတယ်မလား ဖေဖေက Sophia ကိုတက်ခိုင်းတာပါ."

"အော်..အစည်းဝေးက 11:00မှပါ."

"Sophiသိပါတယ် ..Sophi  ဒီမှာထိုင်စောင့်နေလို့ရတယ်မလားဟင်."

"ရတယ်..."
ပြောပီးရိပေါ်က သူ့အလုပ်ကိုပဲသူအာရုံစိုက်ပီး လုပ်နေသည်.

Sophia က ရိပေါ်အလုပ်လုပ်နေတဲ့ပုံကိုခိုးရိုက်လိုက်ပီး.....သူweibo ပေါ်တင်လိုက်သည် Captionကတော့.....
••အလုပ်လုပ်နေတာလေးအရမ်းHandsomeဖြစ်တာပဲ••
ဆိုပီးတင်လိုက်သည်။

  💚Sweet Love❤️(Completed)Où les histoires vivent. Découvrez maintenant