Part.2{U+Z}

3K 177 4
                                    

(Unicode)

"ဝမ်သခင်လေး   ဝမ်သခင်မကြီးရောက်နေပါတယ်.."

"ဟုတ်ပီး ဆင်းလာခဲ့မယ်.."

ဝမ်သခင်လေး ခေါ် ဝမ်ရိပေါ် ဆိုတဲ့ကောင်လေးက သူ့အဖေနဲ့အမေ သူ့အသက်၂၀တုန်းက ကားမတော်တဆမှုကြောင့်ဆုံးသွားကြသည် ။သူ့မှာဖွားဖွားတစ်ယောက်ပဲကျန်တော့တယ်လေ ရိပေါ်တို့အဖေထောင်ခဲ့တဲ့'WB Group'ကို ဝမ်ရိပေါ်ပဲ
ဆက်ဦးဆောင်ခဲ့တယ်..အခုဆိုရင် ရိပေါ်က အသက်၂၆နှစ်ရှိနေပီးလေ.ရိပေါ်နဲ့သူ့ဖွားဖွားက တူတူမနေကြပါဘူး. ဝမ်ရဲ့ဖွားဖွားက သီးသန့် စံအိမ်မှာနေပါတယ်။ အခုလဲ  ကုမ္ပဏီမှာ ရှယ်ယာရှင် Meeting ရှိနေလို့ ဝမ်သခင်မကြီးလဲ meeting တက်ရမှာမလို့ ရောက်လာခဲ့ခြင်းပင်။

ရိပေါ်ပြင်ဆင်ပီးသွားတော့ အောက်ဆင်းလာခဲ့သည်..
"ဖွားဖွားရောက်လာပီးလား."
ရွှယ်ယန်. ကားပြင်ထားလိုက်..

"ဟုတ်ကဲ့ သခင်လေး..."
(ရွှယ်ယန် က ဝမ်ရိပေါ်ရဲ့ အတွင်းရေးမှူးလဲဟုတ်သလို ရိပေါ်ရဲ့driver လဲဖြစ်တယ်.ရိပေါ်ကရွှယ်ယန်ရဲ့ ကျေးဇူးရှင်ပါ.ရွှယ်ယန်ရဲ့မိဘတွေမရှိတော့ကတည်းက ရွှယ်ယန်က ဝမ်အိမ်တော်မှာ ရိပေါ်ရဲ့နောက်လိုက်လုပ်နေခဲ့တာပါ။  ရိပေါ်ကို ရွယ်ယန်က သူ့ရဲ့အကိုရင်းတစ်ယောက်လိုလဲ သဘောထားပါတယ်.)

ဝမ်သခင်မကြီးနဲ့ ရိပေါ်တို့ ကုမ္ပဏီကိုရောက်လာကြတော့ ဝန်ထမ်းတွေလဲ အသီးသီး အရိုအသေပေးကြကုန်သည်။

Meetingအခန်းထဲရောက်တော့ ရှယ်ယာရှင်တွေအကုန်လုံးထကြပီး သူတို့နှစ်ယောက်ကိုဦးညွှတ်ကြကုန်သည် .
    
      *****************************

ရှောင်ကျန့်လေး က  အိမ်အလုပ်လုပ်ပီးသွားတော့ အခန်းထဲဝင်သွားပီး အိပ်ယာပေါ်ကို ပက်လက်အိပ်ချလိုက်သည် ......
"ဟူး မောလိုက်တာ...."ခနကျတော့ ကျန့်ကျန့်ဆီဖုန်းဝင်လာခဲ့သည်.

"ဟင်ကျင်းလင် ဆီကပဲ"

"ဟဲလို..ကျင်းလင် ပြောပါအုံး ဘာကိစ္စလဲကွယ်..."

''ကျန့်ကျန့်  မင်းဦးလေးအိမ်မှာနေရတာအဆင်ပြေရဲ့လား ......''

"အင်း ဒီလိုပါပဲ ပြေပါတယ်ဟာ....."

''အင်းပါ ကျန့်ကျန့်ဒီနေ့ ငါတို့အပြင်ထွက်လည်ရအောင် ငါမျန်မျန်ကိုဖုန်းခေါ်လိုက်မယ်..''

  💚Sweet Love❤️(Completed)Onde histórias criam vida. Descubra agora