Part.22{U+Z}

1.5K 86 8
                                    

(Unicode)

ကျန့်ကျန့်လေးက ကုတင်ပေါ်မှာထိုင်နေပီး
ရိပေါ် ကုပ္မဏီသွား ဖို့ အဝတ်အစားလဲနေတာကိုထိုင်ကြည့်နေသည်.

"ကိုကို .."

"ဗျာကလေး .."

"ကလေးဆီလာအုံး ကိုကို့ကိုနက်ခ်တိုင်စည်းပေးမယ်..."

"ဟုတ်ပါပီးဗျာ ရော့..."
ရိပေါ်က ခါးလေးကုန်းလိုက်ပီး ကျန့်ကျန့်ကိုနက်တိုင်ပေးလိုက်သည်.

တကယ်တော့ ဝမ်ရိပေါ်က ကုမ္ပဏီကိုပစ်ထားခဲ့တာကြာပါပီး ဝမ်ရိပေါ်ရဲ့အတွင်းရေးမှူးကိုပဲ အလုပ်တွေကိုအပ်ထားခဲ့သည် ။...ဝမ်ရိပေါ်က အရေးကြီးတဲ့ဟာတွေကိုတော့အိမ်မှာပဲ အလုပ်လုပ်လေ့ရှိသည်။
အခုက မသွားလို့မရတော့လို့ ဝမ်ရိပေါ်ကုမ္ပဏီကိုမသွားချင်ပေမဲ့ ...သူများတွေက WB Group ကိုသရေကျနေတယ်မဟုတ်လား...အကြာကြီးပစ်ထားလို့လဲမရဘူးလေ.။

"ကလေးလေး.."

"ဟင်ကိုကို.."

"ကလေး တစ်ခုခုလိုရင်  အိမ်တော်ထိန်းကိုပြောနော် ဘာမှမလုပ်ရဘူးနော်...ထမင်းစားတဲ့အချိန်ဆိုအောက် မဆင်းရဘူး အိမ်ဖော်တွေယူလာပေးမယ် ..ရေချိုးခန်းဝင်ရင်လဲသတိထား နော်..."

"ဟုတ်ပါပီး ..ကလေးသိပါတယ်..
မနက်ကတည်းက ကိုကိုမှာနေတာ အခေါက်တစ်ရာလောက်ရှိနေပီး..."

"တစ်ရာမကလို့တစ်ထောင်ဖြစ်ပါစေ ကိုကိုကလေ ကလေးကိုစိတ်ပူလို့ပါနော်.."

"အင်းပါ...ကဲရပါပီး ..."
ကျန့်ကျန့်လေးက နက်တိုင်စည်းပေးပီးသွားတော့..

ဝမ်ရိပေါ်က ကျန့်ကျန့်ရှေ့မှာဒူးတစ်ဖက်ထောက်ချလိုက်ပီး....ကျန့်ကျန့်ဗိုက်လေးကို ကိုင်လိုက်သည်.
".ဟဲလို! ဘေဘီလေးရေ့..!
Daddy ကုမ္ပဏီသွားပီးနော်..ပါးပါးဗိုက်ထဲမှာလိမ်လိမ်မာမာနေရမယ်နော်.Daddyပြန်လာရင်ရေခဲမုန့်ဝယ်လာပေးမယ်နော်.....မွ !"
ဆိုပီး ကျန့်ကျန့်ဗိုက်ကိုအမြတ်တနိုးနမ်းရှိုက်လိုက်သည်.."

ကျန့်ကျန့်ကတော့ သဘောတွေကျပီးတစ်ခစ်ခစ်နဲ့ရီနေပြန်သည်..။
ရိပေါ်မတ်တပ်ရပ်လိုက်ပီး ကျန့်ကျန့်နှာဖူးလေးကိုလဲအမြတ်တနိုးနမ်းလိုက်သည်..

  💚Sweet Love❤️(Completed)Where stories live. Discover now