ရှောင်လွေနဲ့ရှောင်ချန်က သူတို့ရှေ့ကဒဏ်ရာတွေနဲ့သတိလစ်နေတဲ့လူကို တစ်ချက်စိုက်ကြည့်ပြီးသက်ပြင်းချလိုက်တယ် ။ သူတို့နှစ်ယောက်က အဲ့ဒီလူကိုမကယ်ပဲဒီအတိုင်းထားပစ်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ပိုင်ဟူက ဒေါ်သတကြီး သူ့တို့ကိုစိုက်ကြည့်လာတဲ့အချိန်မှာတော့ ကူကယ်ရာမဲ့စွာရေရွတ်လိုက်ပြီး ကယ်တင်ပေးရုံမှတစ်ပါးဘာမှမရှိတော့ ။ ပိုင်ဟူက ဘာလို့အဲ့ဒီလူကိုအသည်းအသန်တွေကယ်ချင်နေမှန်း သူတို့နားမလည်နိုင် ။
" ရှောင်လွေ မင်း မင်းသားလေးကိုအခုအထိရှာမတွေ့သေးဘူးလား ''
" အင်း ။ စိတ်မပူပါနဲ့ မင်းလေးကအသက်ရှင်နေသေးတယ် ။ မင်းသားလေးရဲ့အသက်ကျောက်စိမ်းပြားက အခုအချိန်အထိလင်းနေတုန်းပဲ ''
" ဟူး!! အကြီးအကဲမိန်တော့ ငါတို့ကိုတော်တော်ဒေါ်သထွက်နေလောက်ပြီ ။ မင်းသားလေးကို အခုအချိန်ရှာမတွေ့သေးလို့ ။ ''
" မင်းသားလေးကလည်း ဘယ်တွေလျှောက်သွားနေပြန်တာလဲမသိဘူး ။ ငါတို့ကလည်း ပိုင်ဟူရဲ့စကားကိုနားမလည်တော့ ခက်တော့ခက်နေပြီ ။ ဒီအတိုင်းဆိုရင်တော့ မင်းသားလေးကို ရှာတွေ့ဖို့ကြာအုံးမှာပဲ ''
ရှောင်ချန်က အခုအချိန်အထိသူတို့မျိုးနွယ်စုရဲ့ တစ်ဦးတည်းသောမင်းသားလေးဖြစ်တဲ့ရှောင်ကျန့်ကို ရှာလို့မတွေ့သေးတာမို့ စိတ်ဓာတ်ကျချင်ချင်ဖြစ်လာတယ် ။ သူတို့နှစ်ယောက်က မင်းသားလေးကိုရှာဖို့ဆိုပြီး မျိုးနွယ်စုကနေထွက်လာခဲ့တာ ဒီနေ့နဲ့ဆို ခုနှစ်လပြည့်နေပြီဖြစ်တယ် ။ မင်းသားလေးကိုတွေ့ဖို့နေနေသာသာ ဘာဆိုဘာသတင်းမှတောင်ကြားရတာမဟုတ်ဘူး ။ ပိုင်ဟူကိုကြည့်လိုက်တော့လည်း သူတို့ကယ်လာခဲ့တဲ့လူအနားက တစ်ဖဝါးမှမခွာပဲမျက်တောင်မခတ်စောင့်ကြည့်နေတယ် ။
ဒီမြင်ကွင်းကိုတွေ့တော့ သူ့စိတ်ထဲတစ်မျိုးဖြစ်သွားတယ် ။ ပိုင်ဟူက မင်းသားလေးကလွဲပြီး ဘယ်သူ့ကိုမှအဖက်လုပ်တာမဟုတ်ဘူး ။ သူတို့ကိုမပြောနဲ့ သူတို့မျိုးနွယ်စုရဲ့ခေါင်းဆောင်တောင်ကိုမှ တစ်ခါတစ်လေလျစ်လျူရှုတက်သေးတာ ။ အခုတော့ အပြင်လူတစ်ယောက်ကို အနားကနေထိုင်ပြီးစောင့်ကြည့်ပေးနေတယ်တဲ့လား ။ မဟုတ်မှလွဲရော ဒီလူက မင်းသားလေးနဲ့တစ်ခုခုများပတ်သတ်နေမလား ။
YOU ARE READING
We Belong To Each Other [ Completed ]
FanfictionStart date - 23 Jan 2021 End date - 23 Jan 2021 [ Both Zawgyi and Unicode ] Wang Yibo Xiao Zhan { Birthday Present for Nelly85 }