ဝမ်ဖုန်းယွီက ရှောင်ကျန့်နဲ့ပတ်သတ်တဲ့အကြောင်းတွေကို စုံစမ်းစစ်ဆေးဖို့လူတွေလွှတ်ခဲ့ပေမဲ့လည်း တိကျတဲ့အဖြေကိုမရရှိနိုင်ခဲ့ ။ သူ့ရင်ထဲကသံသယတွေကလည်း တဖြည်းဖြည်းမြင့်တက်လာတယ် ။ တကယ်လို့သူထင်နေသလိုမျိုးသာဖြစ်နေခဲ့မယ်ဆိုရင်တော့ ဒီအတိုင်းလက်ပိုက်ကြည့်နေလို့မဖြစ်တော့ဘူး ။ ဝမ်ရီပေါ်ကို အခုထက်ပိုပြီးအင်အားကြီးခွင့်ပေးလိုက်ရင် အနာဂါတ်မှာဒုက္ခရောက်လိမ့်မယ် ။
သူ့ရဲ့လျို့ဝှက်အစောင့်တစ်ချို့ကို ဝမ်ရီပေါ်ရဲ့အိမ်တော်ကိုသွားပြီး စောင့်ကြည့်ဖို့စေလွှတ်ခဲ့ပေမဲ့လည်း တစ်ယောက်မှပြန်မလာတာမို့ သေဆုံးသွားပြီဆိုတာလည်းသိလိုက်တယ် ။ အဲ့တာကြောင့် သူကိုယ်တိုင် ဝမ်ရီပေါ်ရဲ့အိမ်တော်ကိုသွားပြီး အကဲခတ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ် ။ ဒါပေမဲ့ဝမ်ရီပေါ်က အိမ်တော်မှာရှိမနေတဲ့အတွက် သူ့အတွက်ထိုင်စောင့်နေဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ ။ မျက်စိတောက်ထောက်ကြည့်နေတဲ့အစောင့်တွေကြောင့်လည်း မျက်ခုံးပင့်တက်သွားတယ် ။ ဝမ်ရီပေါ်က သေချာမှာထားခဲ့တာပဲ အဟက်!! ။
နန်းတော်တစ်ခုလုံးမှာ သူလုပ်ချင်တာလုပ်လို့မရတဲ့နေရာက ဝမ်ရီပေါ်ရဲ့အိမ်တော်ပဲရှိတယ် ။ အဲ့တာကြောင့်မို့လည်း သူက ဝမ်ရီပေါ်ကိုသတ်ချင်နေတာဖြစ်တယ် ။ ဝမ်ရီပေါ်ရှိနေရင် နန်းတော်တစ်ခုလုံးကို ထိန်းချုပ်ဖို့အဆင်မပြေဘူး ။ အမတ်တစ်ချို့ကလည်း သူ့ဘုရင်ဖြစ်မှာမလိုလားတဲ့အတွက် ဝမ်ရီပေါ်ကိုထောက်ခံနေကြတယ် ။ သူ နန်းတက်တဲ့အချိန်ကြရင် အဲ့ဒီလူတွေအားလုံး တစ်ယောက်မကျန်သတ်ပစ်မယ် ။
အဲ့ဒီအချိန်မှာပဲသူထိုင်စောင့်နေတဲ့အခန်းရှေ့ကနေ ပြေးထွက်သွားတဲ့အရိပ်ကလေးစီ သူရဲ့အာရုံတွေကစုပြုံရောက်ရှိသွားတယ် ။ နောက်ကနေလိုက်သွားလိုက်တော့ မျက်နှာတစ်ခုလုံးနီရဲနေတဲ့ ချောမောလှပတဲ့လူငယ်လေးတစ်ယောက် ။ အရည်လဲ့နေတဲ့မျက်လုံးလေးတွေ ပေါက်ပြဲနေတဲ့နှုတ်ခမ်းတွေ ဖရိုဖရဲဖြစ်နေတဲ့အဝတ်အစားတွေက ဘာဖြစ်လာလဲဆိုတာမေးစရာပင်မလို ။
ရှောင်ကျန့်ဆိုတဲ့အမည်နာမက သူ့ပါးစပ်ကနေအလိုလိုထွက်သွားတာကို သူ့ကိုယ်သူပင်နားမလည်နိုင်ခဲ့ ။ ဒါပေမဲ့ဒီလူငယ်ကို ရှောင်ကျန့်လို့ထင်နေမိတယ် ။ သူရဲ့အထင်ကို အဲ့ဒီလူငယ်က အတည်ပြုပေးလိုက်တဲ့အခါမှာတော့ လက်သီးတွေတင်းနေအောင်ဆုပ်မိသွားတယ် ။ ဘာလို့ရှောင်ကျန့်ဖြစ်နေရတာလဲ? ။ ပထမဆုံးစိတ်ဝင်စားမိခဲ့တဲ့လူက ဝမ်ရီပေါ်နဲ့ဒီလိုဆက်ဆံရေးရှိနေရတာလဲ ။
VOCÊ ESTÁ LENDO
We Belong To Each Other [ Completed ]
FanficStart date - 23 Jan 2021 End date - 23 Jan 2021 [ Both Zawgyi and Unicode ] Wang Yibo Xiao Zhan { Birthday Present for Nelly85 }