ဝမ်ရီပေါ်က ရှောင်ကျန့်ကိုဘာမှမဖြစ်အောင်စောင့်ရှောက်ပေးဖို့ သူရဲ့အသေခံလက်ရွေးစင်တပ်သားတစ်ချို့ကိုအမိန့်ပေးလိုက်ပြီး ညီလာခံသွားဖို့အတွက်ပြင်ဆင်တယ် ။ ရှောင်ကျန့်က သူ့ကိုယ်သူကာကွယ်နိုင်တယ်လို့ပြောပေမဲ့ သူကတော့လုံးဝစိတ်မချ ။ အရင်ကတော့သူ့မှာအားနည်းချက်မရှိတာမို့ နောက်ဆံတင်းနေတာမျိုးမရှိပေမဲ့ အခုတော့ရှောင်ကျန့်ရှိနေပြီ ။
" မင်းက ပိုကိုပိုလွန်းတယ် ။ ဒီနန်းတော်ထဲမှာ ဘယ်သူကငါ့ကိုလုပ်ကြံရဲမှာလဲ ။ တကယ်လို့သူတို့လုပ်ကြံရဲတယ်ဆိုရင်တောင်မှ ငါထိခိုက်မှာမဟုတ်ဘူး ။ ပိုင်ဟူရှိနေသ၍ ဘယ်သူမှ ငါ့စိတ်မပါရင် ငါ့အနားကပ်လို့ရမှာမဟုတ်ဘူး ။ ''
" ခင်များရဲ့နှင်းဝံပုလွေကသန်မာပေမဲ့ သူကငယ်သေးတယ် ။ ပြီးတော့ဒီနေရာကလူတွေအားလုံးကို တစ်ပြိုင်တည်းနဲ့မတိုက်ခိုက်နိုင်ဘူး ။ စကားနားထောင်စမ်းပါဗျာ ကျွန်တော် ခင်များကိုကြိုးနဲ့တုတ်မထားချင်ဘူး ''
သူ ကြိုးနဲ့တုတ်ထားမယ်ပြောလိုက်တော့ ရှောင်ကျန့်က တရှူးရှူးတရှဲရှဲနဲ့ဒေါ်သတွေထွက်ကာ သူ့နဖူးကိုဖက်ကနည်းရိုက်လာတယ် ။ ရီပေါ်ခမျာ ဒီလိုအပြုအမူမျိုးကို အခုမှပထမဆုံးကြုံဖူးထားမို့ ဘာပြန်လုပ်ရမလဲမသိဖြစ်နေတယ် ။ သူရဲ့နူဖူးကိုလက်လေးနဲ့ကိုင်ပြီး ရှောင်ကျန့်ကိုမျက်မှောင်ကြုတ်ကာကြည့်နေရုံမှတစ်ပါး ဘာမှမတက်နိုင်ခဲ့ ။သူ့ရှေ့ကရှောင်မျိုးနွယ်စုကဒီလူက သူကြားထားတာတွေနဲ့ လုံးဝဆန့်ကျင်ဘက်တွေပဲ ။ စကားလည်းအရမ်းများတဲ့အပြင် ပြသာနာရှာဖွေရတာကိုလည်းကြိုက်သေး ။
" ငါ့ကိုကြိုးနဲသတ္တိရှိချည်ထားကြည့်ပါလား မင်္ဂလာမဆောင်ပဲ မင်းကိုတစ်ခါတည်းမင်္ဂလာဦးပစ်မယ် ''
" ခင် ခင်များ!! တော်တော်အရှက်မရှိတာပဲ ''
" အာရိုး!! မရှက်ပါနဲ့ ။ ဒီကယောက်ျားက ဇနီးလေးကိုသေချာဂရုစိုက်မှာပါ ''
" ရှောင်ကျန့်!! "
ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့စကားကြောင့် မျက်နှာတစ်ပြင်လုံးနီရဲတက်လာပြီး လက်ညှိုးတစ်ထိုးထိုးနဲ့ ။ သူ တကယ်ဒီလူကို ဘယ်လိုထိန်းချုပ်ရမလဲမသိတော့ဘူး ။ ရှောင်ကျန့်ကတော့ သူဖြစ်နေတဲ့ပုံကိုကြည့်ပြီး အူတက်မတက်ရယ်နေတယ် ။ သူကိုတမင်စနေမှန်းသိလိုက်တော့ စိတ်ထဲတင်းကနည်းဖြစ်သွားတယ် ။ သူကိုလာစရဲတယ်ပေါ့ အဟက်!! ရှောင်ကျန့် ခင်များ ကျွန်တော်နဲ့တွေ့ပြီပဲ ။
VOUS LISEZ
We Belong To Each Other [ Completed ]
FanfictionStart date - 23 Jan 2021 End date - 23 Jan 2021 [ Both Zawgyi and Unicode ] Wang Yibo Xiao Zhan { Birthday Present for Nelly85 }