ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့လက်ကိုဒေါ်သတကြီးဆွဲလို့ ထွက်လာခဲ့တယ် ။ သူထင်နေသလိုပဲ သူ့အဖေအဘိုကြီးက သူ့ကိုပြောလို့မရဘူးဆိုတာသိတော့ ဝမ်ရီပေါ်ကိုခေါ်တွေ့ပြီး ကလေးကိစ္စကိုပြောပြန်တယ် ။ ဝမ်ရီပေါ်ဆိုတဲ့အရူးကလည်း ငြိမ်ပြီးလက်ခံနေတယ်တဲ့လား ။ သောက်ရေးမပါလိုက်တာ!! ရူးနေလို့ သူက တခြားမိန်းမနဲ့အတူရှိနေမှာကို လက်ခံနေတာလား ။
" ဝမ်ရီပေါ် မင်းအဲ့တာဘာသဘောလဲ ။ မင်းပြောတော့ ငါ့ကိုချစ်တယ်ဆို!! ငါ့ကိုချစ်တယ်ဆိုပြီး ငါ့အေဖအဘိုးကြီးစကားကို ဘာလို့လက်ခံပေးရတာလဲ ''
".........''
" ဖြေလေ!! ဝမ်ရီပေါ် ငါ မင်းကိုပြောနေတယ် ဖြေလို့!! ဘာလို့မငြင်းရတာလဲ!! ဘာလို့လဲလို့!! "
ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့ပုခုံးတွေကိုထုရိုက်ပြီး ဒေါ်သတကြီးအော်ဟစ်လိုက်တယ် ။ ဝမ်ရီပေါ်က စွန့်အနားမကြားတဲ့လူလိုမျိုး တိတ်ဆိတ်နေတာမြင်တော့ ပိုပြီးဒေါ်သတွေထွက်လာတယ် ။ သူသိပ်သဘောကျရတဲ့ ဝမ်ရီပေါ်ရဲ့မျက်နာကိုလက်သီးနဲ့ထိုးပြီး အော်ဟစ်မိတဲ့အထိပဲ ။ ဒီလိုမျိုးဘာမှပြန်မပြောပဲ နှုတိဆိတ်နေတာလောက် သူဒေါ်သထွက်တာမရှိဘူး ။
" ဝမ်ရီပေါ် မင်းက ငါ့ကို တစ်ခြားတစ်ယောက်နဲ တော်တောစေချင်တယ်ပေါ် ဟုတ်လား!! ကောင်းပြီ မင်းစောင့်ကြည့်နေ ။ ငါအခုပဲ လမ်းမှာတွေ့သမျှလူတွေနဲ့အတူအိပ်ပစ်မယ် ။ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ငါ သူတို့နဲ့နေပြမယ် ။ မင်းစီကိုဘယ်တော့မှမလာတော့ဘူး ''
ရှောင်ကျန့်က ဒေါ်သတကြီးပြောပြီး အခန်းထဲထွက်သွားဖို့ပြင်လိုက်တယ် ။ ဒါပေမဲ့လည်း သူ့ခန္ဓာကိုယ်က ဝမ်ရီပေါ်လက်ချက်ကြောင့် လေထဲမြှောက်တက်သွားတယ် ။ ဝမ်ရီပေါ်က သူ့ကိုပွေ့ချီလို့ အိပ်ယာပေါ်အကြမ်းပတမ်းပစ်ချကာ သူ့အဝတ်တွေကိုတစ်စစီဆွဲဖြဲနေတယ် ။ မျက်လုံးတွေနီရဲပြီး သွေးကြောတွေထောင်နေတဲ့ဝမ်ရီပေါ်က သူ့ရဲ့ဆိုနကစကားကြောင့် တော်တော်လေးစိတ်ဆိုးသွားတဲ့ပုံပဲ ။ သူ့ရဲ့မေးစေ့ကို အားနဲ့ဆွဲညစ်ပြီး သူ့မျက်လုံးတွေကိုစိုက်ကြည့်လို့ တစ်လုံးချင်းပြောလာတဲ့ဝမ်ရီပေါ်က တော်တော်တော့ကြောက်ဖို့ကောင်းသား ။
YOU ARE READING
We Belong To Each Other [ Completed ]
FanfictionStart date - 23 Jan 2021 End date - 23 Jan 2021 [ Both Zawgyi and Unicode ] Wang Yibo Xiao Zhan { Birthday Present for Nelly85 }