ဝမ်ရီပေါ်က သူ့ကိုပြုံးပြနေတဲ့လူကို အချိန်အကြာကြီးငေးကြည့်နေမိခဲ့တယ် ။ တစ်ဖက်လူကသာ သူ့ကိုသတိမပေးရင် သူကအခုအချိန်ထိငေးကြည့်နေမိမှာ ။ လူတစ်ယောက်ရဲ့အပြုံးက ဘာလို့ဒီလောက်အထိလှတာလဲ ။ အဲ့ဒီအပြုံးတွေကိုအပိုင်သိမ်းထားချင်တဲ့ဆန္ဒတွေက သူ့စိတ်ထဲမှာဖြစ်ပေါ်လာတယ် ။ ဒီလိုခံစားမှု့မျိုးက သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်နေတာမို့ သူလည်းဘာလုပ်ရမှန်းမသိ ။
" ရှောင်မျိုးနွယ်စု?? ခင်များက အဲ့ဒီသီးသန့်နေထိုင်တဲ့ရှောင်မျိုးနွယ်စုကလို့ ပြောချင်တာလား ''
" အင်း ဘာဖြစ်လို့လဲ?? ပြသာနာရှိလို့လား ''
"........''
" ဘာဖြစ်လို့ပါးစပ်ပိတ်သွားတာလဲ? ငါ့ကိုပြောအုံးလေ ရှောင်မျိုးနွယ်စုကဘာဖြစ်လို့လဲလို့ ''
" နောက်တစ်ခါခင်များကိုယ့်ကိုမိတ်ဆက်ရင် နာမည်ပဲပြော ။ မျိုးနွယ်စုတွေထည့်မပြောနဲ့ ။ အန္တာရာယ်များတယ် ''
" မင်းနာမည်က ဝမ်ရီပေါ်နော် ဟုတ်တယ်မလား? "
" အင်း ''
" မင်းအသက်ဘယ်လောက်ရှိပြီလဲ? "
" ဆယ့်ရှစ် ''
" ငါကနှစ်ဆယ်တောင်ရှိနေပြီ ။ ခင်များ ခင်များဆိုပြီး ငါ့ကိုမခေါ်နဲ့ ။ ငါက မင်းထက်အသက်နှစ်နှစ်ပိုကြီးတာမို့ နောက်ဆိုရင် အကိုကြီးလို့ခေါ် ''
" မခေါ်ချင်ဘူး ''
" ငါက မင်းထက်အသက်ကြီးတယ်လေ ။ ရိုရိုသေသေဆက်ဆံရမှာပေါ့ ။ မင်းကတော်တော်ပြောရခက်တဲ့လူပဲ ''
".......''
" အော်!! ဟုတ်သားပဲ မင်းကိုယ်ထဲက ရေခဲအဆိပ်နဲ့မီးအဆိပ်ကို ငါဖယ်ထုတ်ပေးလိုက်တယ် ။ အဲ့တာကြောင့်မို့ မင်းရဲ့အတွင်းအားတွေ ထိန်းချုပ်လို့မရတော့မှာကို စိုးရိမ်ဖို့မလိုတော့ဘူး ။ ''
" ရှောင်ကျန့် ခင်များက ရှောင်မျိုးနွယ်စုက မင်းသားလား ''
" မင်းက ငါ့ကိုသိနေတာလား!! "
ဝမ်ရီပေါ်က သူ့ကိုယ်ထဲက ရေခဲအဆိပ်နဲ့မီးအဆိပ်ကိုဖယ်ထုတ်ပေးလိုက်ပြီဆိုလာတဲ့ ရှောင်ကျန့်ရဲ့စကားကြောင့် ရှောင်မျိုးနွယ်စုထဲက ရှောင်ကျန့်ရဲ့အဆင့်အတန်းကို တန်းပြီးခန့်မှန်းမိလိုက်တယ် ။ သူ့ကိုယ်ထဲကအဆိပ်ကိုဖယ်ထုတ်ပေးနိုင်တာ ဒီကမ္ဘာပေါ်မှာနှစ်မျိုးပဲရှိတယ် ။ တစ်မျိုးက ခုနှစ်ရောင်ခြယ်ရှားပါးမှိုဖြစ်ပြီး ကျန်တစ်မျိးကနှင်းဝံပုလွေတွေရဲ့သွေး ။
YOU ARE READING
We Belong To Each Other [ Completed ]
FanfictionStart date - 23 Jan 2021 End date - 23 Jan 2021 [ Both Zawgyi and Unicode ] Wang Yibo Xiao Zhan { Birthday Present for Nelly85 }