ရှောင်မျိုးနွယ်စုတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက အခုအချိန်အထိ တစ်သီးတစ်သန့်နေထိုင်ရှင်သန်ကြတဲ့ မျိုးနွယ်စုတွေဖြစ်တယ် ။ သမိုင်းမှတ်တမ်းတွေအရဆိုရင်တော့ ရှောင်မျိုးနွယ်စုက နှင်းဝံပုလွေတွေရဲ့အရှင်သခင်တွေလို့တောင်ပြောလို့ရတယ် ။ သူတို့တွေက အလွန်အေးတဲ့ရေခဲတောင်လိုနေရာတွေမှာနေထိုင်ကြပြီး အပြင်လောကကြီးနဲ့အဆက်အသွယ်ဖြတ်တောက်ထားကြတယ် ။ ပြီးတော့သူတိုမျိုးနွယ်စုကလူမဟုတ်ရင် သူတို့နေတဲ့နေရာကိုဝင်လို့မရ ။ အပြင်လူတစ်ယောက်ကဝင်ချင်တယ်ဆိုရင် သူတိုမျိုးနွယ်စုကလူနဲ့ အတူဝင်မှပဲရတယ် ။
ကောလဟတွေအရဆိုရင် နှင်းဝံလွေတွေက ရှောင်မျိုးနွယ်စုကို အပြင်လူတွေဒုက္ခမပေးရဲအောင်လို့ စောင့်ကြည့်ပြီးစောင့်ရှောက်ပေးထားကြတယ်တဲ့ ။ လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်ကလည်း ရှောင်မျိုးနွယ်စုထဲကလူတစ်ယောက်ကို သူတို့ရဲ့အရှင်သခင်အဖြစ်သတ်မှတ်လိုက်တယ်ဆိုပြီး လူတွေအကြားအုပ်အုပ်သောင်းသောင်းဖြစ်သွားသေးတယ် ။ ဒါကအစစ်အမှန်လား ကောလဟာလလားဆိုတာ ဘယ်သူမှမသိကြပေမဲ့ အများစုကတော့ ရွေးချယ်ခံလိုက်ရတယ်ဆိုတဲ့ရှောင်မျိုးနွယ်စုကလူကို သိမ်းပိုက်ချင်နေကြတယ် ။
နှင်းဝံပုလွေဆိုတာကဘာလဲ?? နှင်းဝံပုလွေတွေက နတ်ဝံပုလွေမျိုးဆက်ကနေသက်ဆင်းလာတဲ့ စွမ်းအားကြီးမားတဲ့ဝံပုလွေတွေဖြစ်တယ် ။ သူတို့ရဲ့ခွန်အား ၊ သူတို့ရဲ့လျှင်မြန်မှု့ ၊ သူတို့ရဲ့ညဏ်ရည်တွေက လူသားတွေလိုက်လို့မမှီတဲ့အထိမြင့်မားကြတယ် ။ အထူးသဖြင့်သူတို့ရဲ့နှလုံးသွေး ။ နှင်းဝံပုလွေတစ်ကောင်ရဲ့နှလုံးသွေးက သေခါနီးလူတစ်ယောက်ကို ကျန်းမာသန်စွမ်းလာအောင်လုပ်ပေးနိုင်တဲ့အထိ ပြောပြလို့မရတဲ့စွမ်းအားတွေနဲ့ပြည့်နှက်နေတယ် ။
အဲ့ဒါကြောင့်လူတိုင်းက နှင်းဝံပုလွေတွေကိုပိုင်ဆိုင်ချင်ကြတယ် ။ ဒါပေမဲ့စိတ်မကောင်းစရာက နှင်းဝံပုလွေတွေက အလွန်မာနကြီးတဲ့အပြင် ဘယ်လူသားကိုမှအယုံအကြည်မရှိ ။ ဒါဆိုရင်နှင်းဝံပုလွေတွေ ဘာလို့ရှောင်မျိုးနွယ်စုကိုရွေးချယ်ခဲ့ရတာလဲ ? ။ လွန်ခဲ့တဲ့နှစ်ပေါင်းသောင်းကျော်လောက်တုန်းက ရှောင်မျိုးနွယ်စုရဲ့ခေါင်းဆောင်က ဒဏ်ရာရနေတဲ့နှင်းဝံပုလွေခေါင်းဆောင်ကိုကယ်တင်မိခဲ့တယ် ။ အဲ့ဒီကနေစပြီး နှင်းဝုံလွေတွေက ရှောင်မျိုးနွယ်စုအပေါ်အကြွေးတင်သွားပြီး ယနေ့အထိစောင့်ရှောက်ပေးနေကြတာ ။
YOU ARE READING
We Belong To Each Other [ Completed ]
FanfictionStart date - 23 Jan 2021 End date - 23 Jan 2021 [ Both Zawgyi and Unicode ] Wang Yibo Xiao Zhan { Birthday Present for Nelly85 }