''15''

5.9K 899 2
                                    

ဝမ်ရီပေါ်နဲ့ရှောင်ကျန့်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး နမ်းဖို့ပြင်နေတုန်းမှာပဲ ပိုင်ဟူရဲ့ဒေါ်သတကြီးအူလိုက်တဲ့အသံကြောင့်လန့်ုဖြတ်သွားတယ် ။ ရှောင်ကျန့်က ပိုင်ဟူကိုဆူဖို့ပြင်လိုက်ပေမဲ့လည်း ပိုင်ဟူက သူ့ကိုဂရုမစိုက်ပဲ တစ်နေရာတည်းကိုပဲစိုက်ကြည့်နေတာကြောင့် တစ်ခုခုခံစားလိုက်ရတယ် ။ မကောင်းတော့ဘူး!! အဲ့ဒီအချိန်မှာပဲ ပိုင်ဟူစိုက်ကြည့်နေတဲ့နေရာကနေ မြှားမိုးတွေထွက်ပေါ်လာတယ် ။

" ပိုင်ဟူ!! "

ရှောင်ကျန့်က သူ့တို့နှစ်ယောက်ကိုမြှားချက်တွေမထိအောင်လို့ ရှေ့ကနေကာပေးလိုက်တဲ့ပိုင်ဟူကြောင့်အလွန်တုန်လှုပ်သွားတယ် ။ ပိုင်ဟူရဲ့ဝမ်းဗိုက်ကနေ သွေးတွေစီးကျလာတာမြင်တော့ ရှောင်ကျန့်က တစ်ခါမှမထွက်ဘူးတဲ့ဒေါ်သတွေထွက်လာတယ် ။ အတင့်ရဲလိုက်တာ!!

" ရှောင်ကျန့် ကျွန်တော်တို့ဒီနေရာကနေအမြန်ဆုံးထွက်သွားဖို့လိုတယ် ။ ''

" ပိုင်ဟူ ပိုင်ဟူက ငါကြောင့် ''

ဝမ်ရီပေါ်က ဒဏ်ရာရနေတဲ့နှင်းဝံပုလွေကိုအသာပွေ့လိုက်ပြီး ရှောင်ကျန့်ရဲ့လက်ကိုဆွဲလို့ ပုန်းအောင်းဖို့နေရာကိုရှာဖွေတယ် ။ ဒါပေမဲ့လည်းသူရှာလို့မတွေ့ခင်မှာပဲ လူသတ်သမားတွေက သူ့တို့ကိုဝိုင်းထားလိုက်တာကြောင့် ဘာမှတောင်လုပ်လို့မရတော့ ။ သူတို့နောက်မှာချောက်ကမ်းပါးတစ်ခုကလွဲပြီးဘာမှရှိမနေ ။

" ကျောက်လျိုချင်း!! "

" အံ့သြသွားတာလား ဝမ်ရီပေါ် ''

ကျောက်လျိုချင်းက သူ့ကိုအံ့သြမှု့အပြည့်နဲ့စိုက်ကြည့်နေတဲ့ ဝမ်ရီပေါ်ကို အဓိပ္ပါယ်ဖော်ရခက်တဲ့မျက်လုံးတွေနဲ့ကြည့်ကာ တစ်ချက်ပြုံးပြလိုက်တယ် ။ နောက်ဆုံးတော့ သူစောင့်နေတဲ့အချိန်ကိုရောက်လာခဲ့ပြီပဲ ။ ဝမ်ရီပေါ်က သက်တော်စောင့်တွေမပါပဲ ရှောင်ကျန့်ဆိုတဲ့လူနဲ့အတူ အိမ်တော်ကနေထွက်သွားတယ်ဆိုတဲ့သတင်းကိုရတည်းက သူကနောက်ကနေ တောက်လျှောက်လိုက်လာခဲ့တာ ။

" ဝမ်ရီပေါ် မင်း ငါ့အနားမှာနေပြီ မင်းရဲ့ခန္ဓာကိုယ်နဲ့အလုပ်အကျွေးပြုမယ်ဆိုရင် ငါ မင်းကိုအသက်ရှင်ခွင့်ပေးမယ် ''

We Belong To Each Other [ Completed ] Donde viven las historias. Descúbrelo ahora