''16''

5.9K 833 2
                                    

" ရှောင်ကျန့် ဘာဖြစ်လို့လဲ?? မျက်နှာလည်းမကောင်းပါလား ။ တစ်ခုခုအဆင်မပြေတာရှိရင် ကိုယ့်ကိုပြောလေ ။ မင်းပြောမှ ကိုယ်က သိမှာပေါ့ ''

" ဝမ်ဖုန်းယွီ ''

" အင်း ကိုယ်ရှိတယ် ''

" ငါတို့တကယ်ပဲချစ်သူတွေလား?? ဘာလို့ငါ့စိတ်ထဲတစ်မျိုးဖြစ်နေရတာလဲ ''

" ရှောင်ကျန့်ရယ် ကိုယ် မင်းကိုပြောပေါင်းလည်းမနည်းတော့ဘူး ။ ဘာလို့ကိုယ့်ကို အခုအထိမယုံကြည်ပေးနိုင်ရတာလဲ ။ ကိုယ်က မင်းရဲ့ချစ်သူပါကွာ ''

"..........''

" မင်းမယုံလို့ရှိရင် ကိုယ်ထပ်ပြောပေးလို့ရတယ် ။ မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ချယ်ချီပန်းပွင့်လေးတစ်ပွင့်ရှိတယ် မဟုတ်လား ''

" ဒါဆို ငါက ဘာလို့မင်းကိုမမှတ်မိရတာလဲ ။ မင်းကို ငါ့ဦးနှောက်ကမမှတ်မိရင်တောင်မှ ငါ့နှလုံးသားကတော့ သိနေရမယ်မဟုတ်ဘူးလား ။ ဘာလို့ ဘာခံစားချက်မှရှိမနေရတာလဲ?  ''

"..........''

" မင်း ငါ့ကိုလိမ်ပြောနေတာတော့မဟုတ်ပါဘူးနော် ''

" ရှောင်ကျန့် မင်းအတိတ်မေ့သွားလို့ ကိုယ့်ကိုမမှတ်မိလို့ရပေမဲ့လည်း ကိုယ့်အချစ်ကိုတော့မစော်ကားနဲ့ ။ အဲ့တာကကိုယ့်ကို အရမ်းနာကျင်စေတယ် ။ ''

ရှောင်ကျန့်က သူ့ကိုနာကျင်နေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်ပြီး မျက်ရည်တွေနဲ့ဆိုလာတဲ့ဝမ်ဖုန်းယွီကြောင့် ထပ်ပြောဖို့ပြင်နေတဲ့စကားတွေကို လည်ချောင်းထဲပြန်မျိုချလိုက်ပြီး အသာသက်ပြင်းချလိုက်ရတယ် ။ ဟူး!! ဒီလူက သူ့ရဲ့ချစ်သူဆိုမှလည်း လက်ခံပေးလိုက်တာပေါ့ ။ သူဘယ်လိုလုပ်ပြီး ဒီလူနဲ့ချစ်မိသွားရတာလဲ?? ဒါကအရမ်းထူးဆန်းလွန်းတယ် ။ ဒီလူရဲ့ပုံစံက သူ့အကြိုက်လုံးဝမဟုတ်ဘူး ။ သူက သူထက်ငယ်ပြီးချောမောတဲ့လူတွေကိုပဲသဘောကျတာ ။ ဒီလူက သူ့အသက်ငါးနှစ်ကြီးတဲ့အပြင် အရမ်းလည်းရင့်ကျက်နေသေးတယ် ။

" ရှောင်ကျန့် မင်းနေလို့ကောင်းသေးတာမဟုတ်ဘူး စောစောအနားယူလိုက် ။ သဘက်ခါကိုယ်တို့ရဲ့ထိမ်းမြားလက်ထပ်ပွဲလည်း ရှိနေသေးတယ်လေ ''

We Belong To Each Other [ Completed ] Tempat cerita menjadi hidup. Temukan sekarang