''19''

6.3K 879 3
                                    

ဝမ်ဖုန်းယွီက အလွန်သံသယကြီးပြီး အရာရာမှာစေ့စပ်​သေချာတဲ့လူစားမျိုးဖြစ်တယ် ။ အဲ့ဒီလိုလူတစ်ယောက်က တစ်စုံတစ်ယောက်က သူ့ကိုသတ်ဖို့ကြံနေတယ်ဆိုတာ မသိပဲနေပါ့မလား ။ ဝမ်ဖုန်းယွီက ရှောင်ကျန့် သူ့ကိုသတ်ဖို့ကြံစည်နေတာသိပေမဲ့လည်း ဘာမှမရိပ်မိသလိုမျိုးဟန်ဆောင်ခဲ့တယ် ။ သူအဲ့ဒီလိုမှမလုပ်ရင် ရှောင်ကျန့်နဲ့ အခုလိုမျိုးအေးဆေးစကားပြောနိုင်တော့မှာမဟုတ်ဘူး ။ သူသိနေတယ်ဆိုတဲ့အကြောင်းကို ရှောင်ကျန့်ကသိသွားလိုမဖြစ်ဘူး ။

အဲ့ဒီလိုမှမဟုတ်ပဲသိသွားရင် ရှောင်ကျန့်က သူမသိတဲ့တစ်နေရာကို ထွက်သွားနိုင်တယ် ။ သူလုံးဝရှာလို့မတွေ့တဲ့နေရာကိုထွက်သွားပြီး သူ့ဆီပြန်လာတော့မှာမဟုတ်ဘူး ။ ရှောင်ကျန့်ကိုမတွေ့ရမှာ သူကြောက်တယ် ။ အဲ့တာကြောင့်သူ ဘာမမှမဖြစ်သလိုမျိုးဟန်ဆောင်ပြီး စကားတွေပြောနေခဲ့တယ် ။ ရှောင်ကျန့်ဆီက သူဘာကိုမလိုချင်တော့ဘူး ။ ဒီအတိုင်းပဲကြည့်နေရရင်ကို အဆင်ပြေပြီ ။

ဒါပေမဲ့လည်း သူ့ကိုဆိုအမြဲပစ်ပယ်နေတဲ့ကံကြမ္မာက ဒီတစ်ကြိမ်လည်းရက်စက်ပြန်တယ် ။ ရှောင်ကျန့်ကသူ့ကိုထားခဲ့ပြီး သူရှာလိုမတွေ့နိုင်တဲ့နေရာကိုထွက်သွားပြီ ။ သူ့အတွက် နှုတ်ဆက်စာလေးတောင်မထားပေးခဲ့ဘူး ။ ရှောင်ကျန့်ကို တစ်တိုင်းပြည်လုံးရှာဖွေခဲ့ပေမဲ့လည်း အရိပ်လေးတောင်မတွေ့ရခဲ့ ။ တခြားတိုင်းပြည်တွေ ၊ နယ်စပ်ဒေသတွေ ၊ တောင်တွေ ၊ ကန္တရတွေ ၊ ပင်လယ်တွေ ၊ တောတွေ နေရာအစုံလိုက်ရှာပါသောလည်း ကျရှုံးခဲ့တယ် ။

သူ့ကိုဒီလိုမျိုးထားသွားမဲ့အစား သတ်ပစ်လိုက်ရင်ဘယ်လောက်တောင်ကောင်းမလဲ ။ ဘာပဲပြောပြော သူမသေခင်လေးတော့ ရှောင်ကျန့်ကိုမြင်သွားနိုင်တယ်လေ ။ ရှောင်ကျန့်ရဲ့အချစ်ကိုမရရှိခဲ့ပေမဲ့လည်း ရှောင်ကျန့်လက်ထဲမှာသေတာနဲ့တင် သူရဲ့ဘဝကြီးကပြည့်စုံသွားပြီ ။ အခုတော့သူ့ရဲ့ဘဝက သေတာထက်တောင်ဆိုးနေတယ် ။ သူ့ကိုယ်သူအဆုံးစီရင်လိုက်ချင်ပေမဲ့ တကယ်လို့ဆိုတဲ့အတွေးလေးကြောင့် သူဆက်ပြီးရှင်သန်နေခဲ့တာ ။ သူသာအသက်ရှင်နေရင် ရှောင်ကျန့်ကို တစ်ကြိမ်လောက်တော့တွေ့နိုင်မယ်လေ ။
.
.
.
" ရှောင်ကျန့် ခင်များ ဘာလို့သူ့ကိုမသတ်ပစ်ပဲ အသက်ရှင်ခွင့်ပေးရတာလဲ ။ ကျွန်တော်သတ်ချင်ပါတယ်ဆိုမှ ။ သူက ခင်များရဲ့မှတ်ညဏ်တွေဖျောက်ပစ်ပြီး လိမ်ညာလက်ထပ်ခဲ့တာနဲ့တင် အပိုင်းပိုင်းသေသင့်နေပြီ ။ ခင်များက ဘာလို့ဒီအတိုင်းထားဖို့ဆုံးဖြတ်လိုက်တာလဲ ''

We Belong To Each Other [ Completed ] Where stories live. Discover now