ရှောင်ကျန့်က ဒေါ်သတကြီးဖြစ်နေတဲ့ပိုင်ဟူကိုကြည့်ပြီး စိတ်လျော့ဖို့မနည်းဖြောင်းဖျနေရတယ် ။ ခပ်ချောချောလူကတော့ ပိုင်ဟူလက်ချက်ကြောင့် သွေးတစ်လုတ်အန်ပြီးပြန်သတိလစ်သွားပြီ ။ ဒါတောင်မှပိုင်ဟူက မကျေနပ်သေးတဲ့အလား အဲ့ဒီလူရဲ့ခန္ဓာကိုယ်ကို လက်သည်းတွေနဲ့တစ်စစီကုတ်ဖဲ့ဖို့ သူဖက်ထားတဲ့ကြားက အတင်းရုန်းထွက်နေတယ် ။
" ပိုင်ဟူရ မဆိုးရဘူးလေကွာ ။ သူက ငါ့ကိုဒုက္ခပေးမလို့မဟုတ်ပါဘူး ။ ဒါကြောင့်မင်း သူ့ကိုသတ်လို့မရဘူးနော် ''
စိတ်ကြီးလွန်းတဲ့နှင်းဝံပုလွေလေးက ဒီစကားကိုကြားတော့ငြိမ်ကျသွားပြီး သူ့ရှေ့ကလူစိမ်းကို အကြည့်စူးစူးတွေလွှတ်ကာစူးစမ်းလို့နေတယ် ။ ရှောင်ကျန့်ကပြောတယ် ဒီလူကိုသတ်လို့မရဘူး ဒီလူကလူကောင်းတဲ့ ။ ဒါပေမဲ့ဒီလူက ရှောင်ကျန့်ကိုမြေပြင်ပေါ်တွန်းပစ်ခဲ့တာမို့ သိပ်တော့သဘောမကျပေ ။
" ငါ့စကားကိုနားမထောင်ရင် မင်းကိုအပြင်လောကကိုခေါ်မသွားတော့ဘူးနော် ။ ''
ရှောင်ကျန့်က ပိုင်ဟူကိုအကဲခတ်နေပြီး အန္တာရာယ်အငွေ့အသက်တွေမခံစားမိတော့မှ ဖက်ထားတာကနေလွှတ်ပေးလိုက်တယ် ။ ပိုင်ဟူကတော့ သူ့ကိုစိတ်ကောက်သွားတဲ့အလား တစ်ချက်အူလိုက်ပြီး နောက်ကျောပေးကာထိုင်နေတယ် ။ ရှောင်ကျန့်လည်းချော့ဖို့စိတ်ကူးမရှိတာကြောင့် မသိချင်ယောင်ဆောင်လိုက်ရင် ပိုင်ဟူလက်ချက်နဲ့သွေးအန်ပြီး သတိလစ်သွားတဲ့လူအနားကိုသွားကာ တစ်ချက်စစ်ဆေးလိုက်တယ် ။
ဝမ်းဗိုက်နားကနေသွေးတွေ တစိမ့်စိမ့်စီးကျနေတာကြောင့် ရှောင်ကျန့်က သတိလစ်နေတဲ့လူရဲ့အဝတ်အစားတွေကို အလျင်အမြန်ဆွဲဖယ်တော့ အနက်နှစ်လက်မလောက်ရှိတဲ့ မည်းနက်နေတဲ့ဓားဒဏ်ရာကြီးကိုတွေ့လိုက်တယ် ။ ဒီချောမောတဲ့လူငယ်လေးက ဓားထိုးခံထားရတဲ့အပြင် အဆိပ်ပါမိနေတာပဲ ။ အခုအချိန်အထိမသေအောင် တောင့်ခံထားနိုင်တယ်ဆိုတော့ မသေချင်သေးဘူးထင်တယ် ။
" ကောင်ချောလေး မင်းက ငါနဲ့ရေစက်ပါတယ်ဆိုတော့ ငါ မင်းကိုကယ်တင်ပေးလိုက်ပါမယ် ။ ''
VOCÊ ESTÁ LENDO
We Belong To Each Other [ Completed ]
FanficStart date - 23 Jan 2021 End date - 23 Jan 2021 [ Both Zawgyi and Unicode ] Wang Yibo Xiao Zhan { Birthday Present for Nelly85 }