ဝမ်ရီပေါ်က ရှောင်ကျန့်ကိုစားသောက်ဆိုင်မှာထားခဲ့ပြီး သူရဲ့နောက်လိုက်တွေကိုသတင်းပေးဖို့အတွက် အပြင်ဘက်ကိုထွက်သွားလိုက်တယ် ။ သူမသေသေးဘူးဆိုတဲ့အကြောင်းကို သူရဲ့လူတွေထံတိတ်တဆိတ်အကြောင်းကြားလိုက်ပြီး မကြာခင်ပြန်ရောက်လာမို့ နဂိုအစီအစဉ်အတိုင်းဆက်သွားဖို့ အမှာစကားပါးလိုက်တယ် ။ သူမသေပဲပြန်ရောက်လာတဲ့ဆိုတဲ့အကြောင်းကို သိသွားလို့ဖြစ်သွားမဲ့ရုပ်တွေကိုမြင်ယောင်ကာ မဲ့ပြုံးပြုံးလိုက်တယ် ။
သူ့အသက်ကိုလိုချင်တယ်ပေါ့ အဟက်!! ။ ဒါပေမဲ့ဘယ်လိုလုပ်မလဲ စိတ်မကောင်းစရာပဲ ။ သူကဘာမှမဖြစ်ပဲပြန်ရောက်လာတဲ့အပြင် ခန္ဓာကိုယ်ထဲကအဆိပ်တွေကလည်းမရှိတော့ဘူး ။ အထူးသဖြင့် ရှောင်မျိုးနွယ်စုရဲ့မင်းသားက သူ့ရဲ့အနားမှာပါလာတယ် ။ ဒီအကြောင်းကိုသာသိသွားကြလို့ကတော့ သူ့ကိုသေစေချင်နေတဲ့လူတွေ နောင်တရပြီးသွေးအန်ကုန်ကြတော့မှာပဲ ။
ရှောင်ကျန့်ဆိုတဲ့လူအကြောင်းတွေးမိတော့ စိတ်ရှုပ်နေတာတွေကချက်ချင်းပျောက်သွားတယ် ။ အဲ့ဒီလူနဲ့အတူရှိနေရင် အမုန်းတရားတွေကိုတောင်မေ့လျော့နေ့တဲ့အထိ သူ့စိတ်တွေကအေးချမ်းနေတယ် ။ သူ့လိုသံသယကြီးတဲ့လူတစ်ယောက်က ရှောင်ကျန့်ကိုလုံးဝသံသယမဝင်ပဲ ဂရုစိုက်ပေးနေတယ်ဆိုတဲ့အကြောင်းကို သူရဲ့နောက်လိုက်တွေသာသိသွားကြည့် လူစားထိုးခံရတယ်ဆိုပြီးမယုံကြည်နိုင်ဖြစ်နေကြမှာ ။
ရှောင်ကျန့်ကိုတွေ့ချင်လာတဲ့အတွက် စားသောက်ဆိုင်ကိုအမြန်ပြန်လာခဲ့တော့ ထွက်သွားတယ်လို့ပြောလာတဲ့ စားပွဲထိုးလေးစကားကြောင့် တောက်တစ်ချက်ခေါက်လိုက်ပြီး ပေါက်ကွဲမတက်ဖြစ်နေတဲ့သူ့ဒေါ်သတွေကို ထိန်းချုပ်လိုက်တယ် ။ ဘယ်ကိုထွက်သွားတာလဲ?? သူ့ကိုထားသွားတာလား?? ရှောင်ကျန့်က သူ့ကိုထားပြီး တစ်ယောက်တည်းထွက်သွားဖို့ရွေးချယ်လိုက်တာလား!! ။ သူလက်မခံနိုင်ဘူး ရှောင်ကျန့်က သူ့ကိုထားသွားပိုင်ခွင့်မရှိဘူး ။
" သူဘယ်ထွက်သွားလဲဆိုတာ မင်းမြင်လိုက်လား ''
" မျက်နှာချင်းဆိုင်ကအဆောက်အအုံထဲဝင်သွားတာကိုတော့ ကျွန်တော်တွေ့လိုက်ပါတယ် ''
YOU ARE READING
We Belong To Each Other [ Completed ]
FanfictionStart date - 23 Jan 2021 End date - 23 Jan 2021 [ Both Zawgyi and Unicode ] Wang Yibo Xiao Zhan { Birthday Present for Nelly85 }