Chapter 26

2K 449 9
                                    

ZAWGYI

   မိုယောင်မှာဆို ထိုက်ရန်ချင်းက နေရာမှာကော လုပ်ပိုင်ခွင့်မှာကော အာဏာရှိတဲ့သူလို့ စုန့်ချီကြားဖူးသည်။ သူက အထက်(ကောင်းကင်)က်ု တက်လုနီးနီးပဲ ဖြစ်ပေမယ့် အကြောင်းတစ်စုံတစ်ရာကြောင့် မိုယောင်မှာပဲ နေနေရတယ်လို့ ပြောသေးသည်။

    ထိုကဲ့သု့် လီရန်ချင်းယွင်က မိုယောင်မှာဆို အနှစ်သက်ခံရဆုံးသူဖြစ်သင့်တယ်လေ။ဒါ့ပေမယ့် အခုသူမြင်တွေ့နေရတာတွေက သူကြားခဲ့တာတွေနဲ့ ဘာလို့ ကွဲပြားနေရတာလဲ?
   
   စုန့်ချီ ဝင်နေတဲ့ ခန္ဓကိုယ်ရဲ့ မှတ်ညဏ်တွေက အတော်လေး အစီစဉ်မကျ ဖြစ်နေသည်။ ထိုက်ရန်ချင်းက စာအုပ်တွေကို ကိုင်ရင်း ငိုပြီးထွက်သွားတော့ မြင်ကွင်းကနောက်တစ်ခု ထပ်ပြောင်းသွားသည်။ အခု သူက ခန်းမတခုထဲမှာ ရှိနေပြန်သည်။

    သူ့ပတ်ပတ်လည်မှာ မိုယောင်တပည့်တွေက ခေါင်းအနည်းငယ်ငုံ့လျက် ဖြောင့်ဖြောင့်မတ်မတ် ရပ်နေကြသည်။ မြင်ကွင်းကတော့ လေးနက်နေသည်။ ထိုက်ရန်ချင်းတောင်မှပဲ အောက်က်ုပဲ ငုံ့နေတာဖြစ်ပြီး တခါတလေမှသာ အနည်းငယ် မော့မော့ကြည့်နေတာဖြစ်သည်။

   သူ့ဘေးမှာတော့ စည်းကမ်းမလိုက်နာတဲ့ တစ်ယောက်ယောက် ရှိနေသေးသည်။ ဖုချီ က ထိုက်ရန်ချင်းရဲ့ အကျီင်္လက်ကို ဆွဲလိုက်ပြီး တီးတိုးပြောလိုက်သည်။
    " ရှစ်ရှုန်း , ကျွန်တော်တို့ ပင်းလွမ်ငှာနမှာဆို မိန်းကလေးအတော်နည်းတယ်နော် ။ ကျင်းစီငှာနကို ကြည့်လိုက်အုံး .. သူတို့တယောက်ချင်းစီက အတော်ကို လှတာပဲ "

    ထိုက်ရန်ချင်းက သူ့လက်တွေကို ဖယ်ထုတ်လိုက်ပြီး
   " သေချာရပ်နေ  ။ ဘေးကိုကြည့်မနေနဲ့တော့ "

   " ရှစ်ရှုန်းက မငယ်တော့ဘူးလေ ။ ရှစ်ရှုန်းကြိုက်တဲ့ မိန်းကလေးတစ်ယောက်လောက်များ မရှိဘူးလား?"
  ဖုချီက ပြုံးလျက်ပဲ မေးလိုက်သည်။

   ထိုစကားကို ကြားတော့ ထိုက်ရန်ချင်းက ရှေ့ဆုံးက ခုံမှာထိုင်နေတဲ့ တယောက်ကို တချက်လှမ်းကြည့်လိုက်သည်။ ထိုလူက ငယ်ရွှယ်ပြီး ချောမောလှပတဲ့ ကျင်းယွမ်ပင်။ သူမ မှာ မျက်ခုံးနက်နက်ရယ် နီရဲရဲနှုတ်ခမ်းရယ် ရှ်ပြီး သူမရဲ့ ချစ်စဖွယ်မျက်လုံးလေးတွေမှာ ပြုံးရိပ်ကလေးသန်းနေသည်။ သူမက အတော်လေးကို ကျက်သရေရှိနေသည်။

𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐮𝐚𝐥 [𝑴𝒎𝙏𝒓𝒂𝒏𝒔]Where stories live. Discover now