Chapter - 50

2.1K 427 7
                                    

<Unicode>

   ကန်ကျောက်နေကြတာကို ရပ်လိုက်ကြတော့ စုန့်ချီရဲ့ကိုယ်ပေါ်မှာ နာကျင်မှုမရှိတဲ့ နေရာ တနေရာလေးတောင် မကျန်တော့ပေ။

   သူမလှုပ်မယှက်ဖြစ်သွားမှသာ စူးရှရှမိန်းမအသံတစ်ခုက  'သင်ခန်းစာ' ပေးတာကို ရပ်စေပြီး သူ့ကို မဲမှောင်နေတဲ့အခန်းထဲကို ပို့စေသည်။

  သူ့ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။စုန့်ချီ ခွေနေတာကနေ ထထိုင်လိုက်ပြီး အသက်ကို ရှိုက်ပြီးရှူ သွင်းလိုက်သည်။ထိုအချိန်မှာပဲ သူ့ပါးစပ်က သူ့ဘာသာလှုပ်ရှားသွားပြီး စကားပြောလာသည်။
   " ခင်ဗျားပါ ဝင်ပါနေရတာအတွက် ကျွန်တော်တောင်းပန်ပါတယ်...ခင်ဗျားကို နာကျင်စေမိပြီ "

စုန့်ချီ အံ့ဩသွားပြီး မျက်ခုံးတို့က ပင့်တက်သွားလျက်
  " ခင်ဗျားက...ကျန်းလန်လား?"

" အမှန်ပဲ၊ကျွန်တော်က ခင်ဗျားကိုယ်ထဲမှာပဲ"

  ကိုယ့်ခန္ဓာကိုယ်ကို အခြားတစ်ယောက်ထိန်းချူပ်တာ ခံထားရတာက အတော်လေးကို ထူးဆန်းတဲ့ ခံစားချက်ကို ဖြစ်စေသည်။

  "ဒါက ဘယ်နေရာလဲ?"
စုန့်ချီ မေးလိုက်သည်။

"ကစားရမယ့် အပိုင်းတစ်ခုပဲ၊အစောကလည်း ခင်ဗျား လုပ်ခဲ့ပြီးပြီပဲလေ၊ဒါကတော့ နောက်ထပ်ကျန်နေသေးတဲ့အပိုင်းတွေပဲ၊ ဒီအပိုင်းက်ု ခင်ဗျားဘာသာ ဖြတ်သန်းရမယ်၊ ကျွန်တော် မထင်ထားမိတာက ခင်ဗျားကို ကျွန်တော့်လာရှာပြီး အခုလိုဦးဆောင်ခိုင်းလိမ့်မယ်လို့ပဲ"
အသံက လူတစ်ယောက်ထဲကနေ ထွက်လာတာဖြစ်ပေမယ့်လည်း ကျန်းလန်ရဲ့အသံက ပိုပြီး ညင်သာသည်။

   စုန့်ချီ ဘယ်လိုပြန်ပြောရမလဲ မသိတော့ပေ။

ခဏလောက် တိတ်နေပြီးတော့ ကျန်းလန်က သက်ပြင်းချသည်။
  " နှစ်ပေါင်းများစွာကြာခဲ့ပြီ၊ စန်ချီတိုင်းကိုလည်း အကြိမ်ပေါင်းများစွာ ပြု ပြင်ဆောက်လုပ်ခဲ့ကြပြီးပြီ၊ ဒီအမှောင်ခန်းလေးကလည်း ပျက်စီးသွားတာ ကြာလှပြီ၊ ဒီကို ထပ်ပြီးရောက်လာရအုံးမယ်လို့လည်း ကျွန်တော် တခါမှ မတွေးခဲ့ဖူးဘူး "

  စုန့်ချီ မေးစရာတချိူ့ ရသွားသည်။
  " ဒီနေရာရဲ့ပိုင်ရှင်က ခင်ဗျားကို ဒီလောက်တောင် ဆိုး၂ရွှား၂ဆက်ဆံနေတာကို ဘာလို့များ ဒီမှာ နှစ်အတော်ကြာအောင် နေခဲ့တာလဲ? ဖန်ကျောင်းကျွင်းက ခင်ဗျားကို ပြန်ရွှေးထုတ်ပေးခဲ့တယ်လို့ ကျွန်တော်ကြားမိပါတယ်"

𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐮𝐚𝐥 [𝑴𝒎𝙏𝒓𝒂𝒏𝒔]Where stories live. Discover now