Chapter 46

1.8K 427 9
                                    

<Unicode>

စုန့်ချီ အမှောင်ထဲမှာပဲ အချိန်အတော်ကြာအောင် ရပ်နေပြီး တဖြည်းဖြည်းနဲ့ စိတ်ငြိမ်သွားအောင် ကြိုးစားလိုက်ရသည်။နောက်ထပ် ပုံရိပ်ကို ပြမလာသေးတာကြောင့် သူအံ့ဩနေချိန်မှာပဲ ခြေသံတွေက ထွက်ပေါ်လာသည်။

အသံလာတဲ့ဘက်ကို ကြည့်လိုက်တော့ ယောက်ျားတစ်ယောက်က အမှောင်ရိပ်ထဲကနေ သူ့ဆီလာနေတာကို တွေ့လိုက်ရပြီး သူနဲ့နီးလာလေလေ မျက်နာက ပိုပြီးထင်ပေါ်လာသည်။

"လူအိုကြီး? ဘာလို့ ခင်ဗျားက..."
စုန့်ချီ သံသယ ဖြစ်သွားသည်။

အဲဒါက တကယ်ကို လူအိုကြီးပင်။သူက စုန့်ချီဆီကို လျှောက်လာခဲ့ပြီး စုန့်ချီကို သေချာကြည့်ပြီးမှ မေးလိုက်သည်။
" မင်းရဲ့မျက်ခုံးမွှေးတွေကော?"

စုန့်ချီ ချက်ချင်းစမ်းကြည့်လိုက်တော့ သူ့မျက်ခုံးမွှေးတွေ ရှိမနေတာကို ခံစားမိသွားသည်။သူလည်း စိတ်ဓာတ်ကျပြီး ငိုပါငိုချင်သွားသည်။
"ကျွန်တော့်ခေါင်းကို ရိပ်ဖို့လိုတယ်ဆိုရင်ကော ကျွန်တော်ဘာလုပ်လို့ရမလဲ?"

" ဘယ်နခန်းလောက်ကို မင်းလုပ်ပြီးခဲ့ပြီလဲ?"
သူ့အဖြစ်ကိုတွေ့တော့ လူအိုကြီးလည်း စကားလမ်းကြောင်းပြောင်းလိုက်သည်။

သူအစဖော်လိုက်မှပဲ စုန့်ချီလည်း သတိရသွားတော့သည်။ သို့ပေမယ့် ပြန်ဖြေရမယ့်အစား သူက ပြန်မေးလိုက်သည်။
" ခင်ဗျားနဲ့ကျန်းလန်တို့ကြားမှာ တခုခုရှိနေတာလား?ခင်ဗျားတို့က မိတ်ဆွေဟောင်းတွေလား?"

အစောပိုင်းတုန်းက လူအိုကြီးက ဖန်ယင်ကျူးကို ကာကွယ်နေထဲက သူလည်းမသင်္ကာဖြစ်နေခဲ့သည်။သို့ပေမယ့်လည်း လူအိုကြီးက အိုမင်းနေပြီဖြစ်၍ မိန်းမငယ်လေးတစ်ယောက်နဲ့ကတော့ ဘယ်လိုမှ ပတ်သက်ဆက်နွယ်မနေလောက်ပေ။ ဖြစ်နိုင်တဲ့တခုထဲသောအရာကတော့ ဖန်ယင်ကျူ းကို ဝင်ပူးထားတဲ့ ကျန်းလန်ပင်။

သူ့အမေးကြောင့် လူအိုကြီးက သူ့ကို လေးလံစွာနဲ့ အချိန်အတော်ကြာအောင် ကြည့်နေပြီးမှ သက်ပြင်းချ၍ ပြောလာခဲ့သည်။
" စုန့်လေး,မင်းသိလား? ဒီကျင်းရွှမ်မြို့မှာရှိတဲ့ လူတွေထဲက မင်းတစ်ယောက်ထဲကိုပဲ ငါအဖြစ်မှန်ကို မပြောပြချင်တာ"

𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐮𝐚𝐥 [𝑴𝒎𝙏𝒓𝒂𝒏𝒔]Where stories live. Discover now