Chapter 60

1.4K 381 62
                                    

<Unicode>

   မိစ္ဆာနယ်မြေထဲမှာဆိုရင်တောင်
လူအချိူ့သာ မိစ္ဆာဘုရင်ကို မြင်ဖူးကြတာဖြစ်သည်။ သို့ပေမယ့် သူတို့ရဲ့ဘုရင်ကြီးက ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ နတ်ဘုရားတပါးဖြစ်တယ်ဆိုတာကိုတော့ သူတို့တွေ သိရှိပြီးသား ဖြစ်သည်။သူက အမြီး၉ချောင်းပါတဲ့ တုရှန်း မြေခွေးဖြူ ဖြစ်ပြီး အပြာရောင်မီးတောက်တို့ကို ပိုင်နိုင်စွာသုံးနိုင်တဲ့ သူပဲဖြစ်သည်။

    စုန့်ချီက သူ့လက်ထဲမှာ ထီးကို ကိုင်ထားတုန်းပဲ ဖြစ်ပြီး သူမော့ကြည့်လိုက်တော့ သူမြင်နေရတဲ့ ရုန်းပိုင်က အရင်တခါတုန်းက သူမြင်ခဲ့ရတဲ့ သွေးပင်လယ်ထက် ရှိနေတဲ့ ရုန်းပိုင်နဲ့ ယှဉ်လိုက်ရင် တစ်ခုခု လစ်ဟာလိုအပ်နေသလို သူခံစားလိုက်ရသည်။

   ဘယ်လိုဖြစ်ပြီးတော့များ သိမ်မွေ့ညင်သာတဲ့လူတစ်ယောက်က မိစ္ဆာနယ်မြေရဲ့တဝက်လောက်ကို သတ်ဖြတ်ခဲ့တဲ့ မိစ္ဆာဘုရင်ဖြစ်နိုင်မှာလဲ?ဘယ်လိုများ သူက ရက်စက်ြကမ်းတမ်းတဲ့ အဲ့ဒီမိစ္ဆာဘုရင် ဖြစ်ရမှာလဲ?

   စုန့်ချီ မယုံနိုင် ဖြစ်နေပေမယ့်လည်း အမှှန်တရားကတော့ သူ့ရှေ့မှာ ဖြစ်ပျက်နေပြီး ပြီ ဖြစ်သည်။

  " ဟမ်? "
သူ့နောက်က လူက တီးတိုးဆိုလာသည်။
  " ကြည့်ရတာ မင်းက မိစ္ဆာဘုရင်နဲ့ သွေးနီးစပ်တယ် ထင်တယ် "

စုန့်ချီက လှည့်ကြည့်လိုက်ပြီး
  " ခင်ဗျား ဘယ်လိုသိလဲ? "

" ငါ သွေးနံ့ကို ခံစားမိတယ် "
ထိုလူက နှာခေါင်းကို တချက်ရှုံ့လျက် ဆက်ပြောသည်။
  " အဲ့တာက အပေါ်ဘက်ကနေလာတာ။
အဲ့တာ တမျိူိူ းတမည်နဲ့ ဆန်းကြယ်ပေမယ့် မင်းရဲ့သွေးနံ့နဲ့ အတူတူပဲ "

   စုန့်ချီ ရဲ့ ကြောက်လန့်နေဆဲ နှလုံးလေးကသူ့ရင်ဘတ်ထဲမှာ အရိုင်းဆန်ဆန်ပဲ ခုန်ပေါက်သွားပြန်သည်။

  ရုန်းပိုင် ဒဏ်ရာရသွားတာလား?.......

" အင်း ... သူ့ရဲ့ ဝိညည်က မပြည့်စုံသေးတော့ သူဒဏ်ရာရသွားတာ ဖြစ်လိမ့်မယ် .. အရမ်းအားစိုက်လိုက်တာ ဆိုတော့.... "

   အနောက်ကလူက ဆက်ပြီး ပြောနေပေမယ့်လည်း စုန့်ချီ ကတော့ အာရုံစိုက်မရတော့ပေ။သူက လေထဲမှာပဲ ရှိနေသေးတဲ့ ရုန်းပိုင်ကို စိုက်ကြည့်လျက် တဖြည်းဖြည်းချင်း ထရပ်လိုက်သည်။သူ့ရဲ့ စိတ်ထဲမှာလည်း မေးခွန်းပေါင်းစုံက ချက်ချင်းကို ပေါ်လာသည်။

𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐮𝐚𝐥 [𝑴𝒎𝙏𝒓𝒂𝒏𝒔]Where stories live. Discover now