Chapter 1

11.1K 1K 4
                                    

Zawgyi >

နေရဲ့အလင်းရောင်က တောက်တောက်ပပ ဖျာကျနေပြီး ထိုနေရာကနေ မိုင်အနည်းငယ်အထိကို မြင်ကွင်းထဲမှာ ဆိုင်တဆိုင်သာတွေ့နိုင်သည်။

အဝါရင့်ရောင်စာအုပ်တအုပ်ကို လက်မောင်းကြားထဲ သယ်ထားလျက် စုန့်ချီ ထိုဆိုင်အရှေ့ တခဏ ရပ်ကြည့်နေသည်။ အမှားမရှိတာသေချာတော့မှ ဆိုင်အတွင်း ခြေလှမ်းစလိုက်သည်။

ဆိုင်ရဲ့ ကောင်တာအရှေ့တွင် လူသုံးယောက်က ကွာစေ့ကိုက်လျက် ဝိုင်းဖွဲ့ပြီး စကား
စမြည်ပြောနေကြသည်။ချောမော၍
သိမ်မွေ့ပုံရပြီး နီစွေးစွေးနှုတ်ခမ်းများအကြား သွားဖြူဖြူလေးများ ပေါ်အောင် ပြုံး၍ လျှောက်ဝင်လာသောသူက သူတို့အာရုံကို ဖမ်းစားသွား
သည်။ ထိုလူငယ်က တိမ်ပုံစံပါသည့် မီးခိုးရောင်ဘာသာရေးဝတ်ရုံကို ဝတ်ထားပြီး သူ့ရဲ့ ဆံနွှယ်အရှည်တွေကို စုစည်းထား၍ ဝတ်ရုံလက်ကို လွှဲလျက် အထဲသို့ လျှောက်လာသည်။

ထိုလူတွေထဲမှ လူအိုကြီးတယောက်က ပိုက်ဆံမျက်နာဖြင့် အပြေးအလွှားသွား၍
သူ့ခါးကို အနည်းငယ်ကိုင်း၍ ကြိုဆိုလိုက်သည်။

" ဒီ တောက်ကျန့်လေးက ဒီည ဒီမှာတည်းမှာလား ခဗျ "
{ Daozhang = daoist priests or ကျင့်ကြံသူ}

စုန့်ချီ က ဘာမှ ပြန်ပြောမလာပဲ ဆိုင်အတွင်းကိုသာ တချက်ဝေ့ကြည့်လိုက်သည်။ အခန်းတခုလုံးကို ပြဒါးနက်ရောင် သုတ်ထားသည်။
သို့ပေမယ့် ဖုန်တွေတက်နေပြီး မီးမထွန်းထား၍ ထူးခြားသည့် စိတ်ခံစားမှုကို ပေးနေသည်။

လူအိုကြီးကလည်း အရိပ်တွေ့အကောင်မြင်သူဖြစ်၍ နောက်လှည့်လိုက်ပြီး အစောက ကျန်နေသူ နှစ်ယောက်ကို မီးထွန်းရန် မျက်ရိပ်မျက်ခြေပြလိုက်သည်။ထိုမှသာ တခန်းလုံး အလင်းရလာ၍ စုန့်ချီလည်း စိတ်သက်သာရာရသွားသည်။

လည်ချောင်းရှင်းလိုက်ပြီးမှ
" အခန်းရှိသေးလား ဗျ? "

" ဟုတ် ဟုတ် ဟုတ် အများကြီး ရှိပါသေးတယ်! "

လူအိုကြီးက ပြုံးပန်းဆင်၍ ပြောလိုက်သည်။
ထို့နောက် ကောင်တာဘက်ပြန်သွား၍
စာအုပ်အထူ တအုပ်ကို ဖွင့်၍

𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐮𝐚𝐥 [𝑴𝒎𝙏𝒓𝒂𝒏𝒔]Where stories live. Discover now