Chapter 35

1.9K 430 4
                                    


  ကျင်းရွှမ်မှာ မိုးသောက်ချိန်ရောက်လာနဲ့ လူတွေက ရှုတ်ရှုတ်သဲသဲ ထွက်နေကြပြီဖြစ်သည်။ နေတောင် ကောင်းကင်မှာ ကောင်းကောင်းမထွက်သေးခင်မှာပဲ သူဖုန်းစားတွေက လမ်းဘေးမှာထိုင်လျက် ကျွတ်ကျွတ်ဆူတောင် အော်ဟစ်တောင်းခံနေကြသည်။ ထိုအသံတွေက စုန့်ချီရဲ့နားထဲ ကန့်လန့်တွေချည်း ဝင်နေသည်။

  စုန့်ချီ မျက်လုံးတွေကို လေးလံစွာနဲ့ ဖွင့်လိုက်သည်။ လေးလံနေတဲ့ မျက်ခွံကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးနောက်တော့ သူ့ဘေးမှာ အေးချမ်းစွာအိပ်နေတဲ့ လူကို တွေ့လိုက်သည်။

  စုန့်ချီလည်း လန့်ဖြန့်ပြီး ချက်ချင်းကို နိုးကြားသွားတော့သည်။ရုန်းပိုင်လို့ သိလိုက်ပြီးထဲက အိပ်ယာပေါ် ချက်ချင်းထထိုင်လိုက်သည်။ ပြီးတော့ ဖြစ်နေတဲ့အခြေနေက သူ့က အိပ်ယာရဲ့ တဝက်ကျော်ကို နေရာယူထားပြီး ရုန်းပိုင်ကို အစွန်းနားလေးထိကို တွန်းထုတ်ထားသည်။

  သို့ပေမယ့် စုန့်ချီလည်း ဘယ်လိုဖြစ်ပြီး အိပ်ယာပေါ်မှာ အိပ်ခွင့်ရခဲ့လဲဆိုတာကို မသိတော့ပေ။သူ့မှတ်မိတာဆိုလို့ လူအိုကြီးက မူးပြီးမှောက်နေတဲ့အထိပဲ ဖြစ်သည်။ ကျန်တာတွေကတော့ ဝေဝါးနေသည်။

  ဖြစ်နိုင်တာက သူ့မှတ်ညဏ်တွေ ဖျတ်စီးခံလိုက်ရတာများလား?

   သူလည်း ကုတင်ခေါင်းရင်းကို မှီလိုက်ပြီး ထွက်သွးရမလား ဆက်နေရမလားမသိဖြစ်နေသည်။တခဏလောက်နေတော့ သူ့အကြည့်က ရုန်းပိုင်ရဲ့ အိပ်ပျော်နေတဲ့မျက်နာဆီ ရောက်သွားသည်။

  ခါတိုင်းဆို ဖာသိဖာသာပဲ နေနေတတ်တဲ့မျက်နာက အခုဆို သိမ်မွေ့နေပြီး မင်နက်ရောင်မျက်ခုံးတို့ကလည်း လွပ်လပ်စွာပဲ ဖြောင့်စင်းနေသည်။ စုန့်ချီလည်း အကြည့်မလွှဲနိုင် ဖြစ်သွားသည်။

   စုန့်ချီရဲ့ စူးစိုက်ကြည့်နေမှုကြောင့်ပဲဆိုရမလား ရုန်းပိုင်ရဲ့ မျက်ခွံတို့က လှုပ်ရှားလာသည်။ နောက်တချိန်မှာတော့ မျက်လုံးတို့က ပွင့်လာပြီး အိပ်ယာနိုးခါစ ရီဝေဝေဖြစ်နေပေမယ့် စုန့်ချီကို ကြည့်လိုက်ချိန်မှာတော့ ကြည်လင်သွားသည်။

   " သခင်ရုန်း နိုးပြီလား? ကောင်းကောင်းအိပ်ပျော်ရဲ့လားဗျ?"
စုန့်ချီလည်း ရုန်းပိုင်နိုးလာတာကို တွေ့ပြီး နှုတ်ဆိတ်ပြီးဆက်မနေနိုင်တော့တဲ့အတွက် သူ့ကိုယ်သူအားတင်းလိုက်ပြီးမှ စကားစပြောလိုက်သည်။

𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐮𝐚𝐥 [𝑴𝒎𝙏𝒓𝒂𝒏𝒔]Where stories live. Discover now