Chapter 55

1.5K 385 33
                                    

<Unicode>

အခန်းထဲမှာ တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။

   စုန့်ချီ ကျင်းယုကို သေချာလေး အကဲခတ်ကြည့်လိုက်သည်။ သူမက တည်တည်ငြိမ်ငြိမ် ဖြစ်နေစေဖို့အတွက် သူမကိုယ်သူမ တွန်းအားပေးနေပေမယ့်လည်း စုန့်ချီကတော့ သူမရဲ့ မျက်ခုံးသဏ္ဍာန်ကို ကြည့်ပြီး သူမဝမ်းသာနေကြောင်း သိလိုက်သည်။ ရုန်းပိုင်ကို တလေးတစားနဲ့ ကြည့်နေတဲ့ သူမရဲ့မျက်ဝန်းတွေက တောက်ပနေသည်။

   ရုန်းပိုင်ကလည်း ရက်ရက်ရောရောနဲ့ကို သဘောတူပေးလာသဖြင့် စုန့်ချီကလည်း လေထုကို ပိုပြီး သင့်တော်သွားစေအောင်လို့ ရှင်းပြချက်လေး ထပ်ပေါင်းပြောပေးလိုက်သည်။
   " ကျွန်တော့်လိုပဲ သူကလည်း မိစ္ဆာဘုရင်ကို သွားရှာမလို့တဲ့လေ အဲ့တော့...ကျွန်တော်တို့နဲ့ အတူ သွားတဲ့လူက များလေလေ အကူညီပိုရလေပေါ့၊  မဟုတ်ဘူးလား... "

     ရုန်းပိုင်က ထိုအကြောင်းကို ဆက်မပြောပဲ ထိုအစား စုန့်ချီကို ကြည့်၍
   " အစားအသောက်တွေက အောက်ထပ်မှာ အဆင်သင့်ဖြစ်နေပြီ ၊ မင်းဗိုက်ဆာရင် သွားစားလိုက်၊ မဆာရင်တော့ ကိုယ် တစ်ယောက်ယောက်ကို ဖယ်ခိုင်းလိုက်မယ် "

   " ဒါပေါ့ ကျွန်တော် ဗိုက်ဆာနေပြီ "
စုန့်ချီက အပြုံးလေးနဲ့ ရုန်းပိုင်ဆီကို သွားလိုက်ပြီး
   " သုံးရက်နီးပါးလောက် အိပ်ယာထဲလှဲနေရတာ မဆာပဲဘယ်နေပါ့မလဲ? ကျွန်တော် မူးဝေဝေ ဖြစ်နေရတဲ့ အကြောင်းကလည်း ဗိုက်ဆာနေလို့ပဲ ဖြစ်ရမယ် "

     သူလည်း ယိမ်းတိယိုင်တိုင်နဲ့ပဲ ဖြည်းဖြည်းချင်းစီ တံခါးဆီကို လျှောက်သွားလိုက်သည်။ ရုန်းပိုင်က စုန့်ချီရဲ့မျက်နာထက် အပြံူးကို ကြည့်နေရင်းနဲ့ သူ့မျက်လုံးထဲမှာလည်း ညကောင်းကင်ယံမှာ လင်းလက်နေတဲ့ကြယ်လေးတွေလိုပဲ အပြုံးရိပ်လေးတွေ ကူးစက်သွားသည်။

   စုန့်ချီက ရှေ့ကနေ ဦးဆောင်သွားနေပြီး ရုန်းပိုင်ကလည်း အနောက်ကနေ လိုက်သွားသဖြင့် ကျင်းယုတစ်ယောက်ထဲသာ အခန်းထဲမှာ ကြောင်တောင်တောင်လေးနဲ့ ကျန်နေခဲ့တော့သည်။ထို့ကြောင့် သူမလည်း လာရာလမ်းအတိုင်း ပြတင်းပေါက်ကနေပဲ ပြန်ထွက်သွားလိုက်တော့သည်။

𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐮𝐚𝐥 [𝑴𝒎𝙏𝒓𝒂𝒏𝒔]Where stories live. Discover now