Chapter -8 {Unicode}

2.5K 406 8
                                    


  လေပြေလေညှင်းလေးတွေက နွှေးထွေးနေသည်။
စုန့်ချီက အယ်လ်မွန်သီးရောင် ဝတ်ရုံနှင့် သစ်သားဆံညှပ်ကို ပြင်ဆင်ဝတ်စားထားသည်။
သူ့လက်တွေကို ဝတ်ရုံလက်အောက် ဝှက်လျက် မြို့တစ်မြို့ရဲ့ အကြီးဆုံးဆောင်ကြာမြိုင်ရှေ့မှာမတ်တပ်ရပ်နေပြီး ဖြတ်သွားဖြတ်လာလူတွေက သူ့ကို ကွက်ကြည့်ကွက်ကြည့်
လုပ်သွားကြသည်။

  ဆောင်ကြာမြိုင်ရှေ့မှာ ဖောက်သည်ခေါ်နေ
ကြတဲ့ ပြည့်တန်ဆာတွေကလည်း ၁၀မိနစ်
ခြားတစ်ခါ တစ်ယောက်ပြီးတစ်ယောက် စုန့်ချီကို ဖြားယောင်းသွေးဆောင်ပြီးခေါ်နေတာ ဒီတကြိမ်နဲ့ဆို ၄ကြိမ်မြောက်သွားပြီ ဖြစ်သည်။

  စုန့်ချီက ပြောလိုက်သည်။
   " လူကြီးလူကောင်းတစ်ယောက်က
ကိုယ်ကျင့်သိက္ခာတရားကို ထိန်းသိမ်းသင့်တယ်"

  ပြည့်တန်ဆာမများလည်း ပဟေဠိအမူယာတွေနဲ့ ကျန်နေခဲ့သည်။

သူ ဒီလိုနေရာမှာ ဘာလို့ရပ်နေရလဲဆိုတာကိုသာ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ရက်တွေကနေ စပြောရမှာ ဖြစ်သည်...။

လုရှောင်ချင်းရဲ့ အကြံပေးချက်ကို နားထောင်ပြီး သူလည်း အရှေ့ဘက်ကို ဦးတည်သွားခဲ့သည်။ ရုန်းပိုင်ကို ပင်းယန်မြို့မှာ ရက်အနည်းငယ်လောက် ပတ်ရှာပြီးမှ တွေ့သွားခဲ့ပြီး သူသတိထားမိသွားအောင် အနောက်ကနေ
တကောက်ကောက် လိုက်နေလိုက်သည်။

အစကတော့ အကုန်လုံးက အဆင်ပြေပါတယ်။ ရုန်းပိုင်က ရိုးရိုးလေးပဲ မြို့ထဲ ဟိုဟိုဒီဒီသွားလိုက် ပျင်းရိစွာနဲ့ပဲ ငှက်တွေနဲ့ ကစားလိုက်နဲ့ သူ့မှာဘာမှလုပ်စရာမရှိသလိုပါပဲ ။
နောက်ကြတော့မှ သူ့မျက်နာက အလေးအနက်ပုံစံနဲ့  ရုပ်တည်ကြီးဖြစ်သွားပြီး အဖြူ ရောင်
တာအိုဝတ်ရုံကြီးနဲ့ပဲ ထောင့်တစ်ထောင့်ကိုချိူ းသွားပြီး လောင်းကစားရုံ+ဆောင်ကြာမြိုင်ထဲ တန်းနေအောင် ဝင်သွားတော့တာပဲ ... ။ အဲ့ဒါက စုန့်ချီကို အခက်တွေ့စေသည်။

  စုန့်ချီက သူ့ကိုယ်သူ လူကြီးလူကောင်းလို့သာ အမြဲသတ်မှတ်ထားပြီး လောကီရေးရာ
သာယာမှုများရနိုင်သည့် နေရာဖြစ်သော
ဆောင်ကြာမြိုင် ,ကာစီနို, အရက်ဆိုင် နဲ့ အခြားထိုကဲ့သို့နေရာများကို ဘယ်တော့မှ ခြေမချဖူးချေ ။  သို့ပေမယ့် သူက ရုန်းပိုင်နောက်ကနေ လိုက်နေသူဖြစ်၍ မျက်ခြေပြတ်သွားမှာလည်း စိုးရိမ်မိပြန်သည်။ ထို့ကြောင့် သူလည်း
အပေါက်ဝနားမှာပဲ တဝဲလည်လည်နဲ့ ရုန်းပိုင်
ပြန်ထွက်လာမယ့် အချိန်ကိုသာ စောင့်နေလိုက်သည်။

𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐮𝐚𝐥 [𝑴𝒎𝙏𝒓𝒂𝒏𝒔]Where stories live. Discover now