Chapter 71

1.1K 316 4
                                    

<Unicode>

  ရုန်းပိုင်က သူ့ရှေ့မှာရပ်နေပြီး တစ်ကိုယ်လုံး အနက်ရောင်ဝတ်ထားသည်။ နှင်းဖြူ ရောင်ဆံနွှယ်တွေ သူ့ပခုံးထက်မှာ ဖြာကျနေတာက သူ့ကို ပိုလို့တောင် အမြင်ထင်းသွားစေသည်။

    သူ့ရဲ့ပုံစံက သူစိမ်းဆန်ပြီး ရန်လိုနေသလိုပင်။ စုန့်ချီလည်း သတိနဲ့ပဲ လှမ်းခေါ်ကြည့်လိုက်သည်။
   "ရုန်းပိုင်?"

   စုန့်ချီရဲ့အသံကိုကြားတော့ ရုန်းပိုင်ရဲ့မျက်နာထက်က ရန်လိုနေမှုက ပျောက်ကွယ်သွားသည်။ သူက အပြုံးမမည်တဲ့ အပြုံးတစ်ခုနဲ့ ပြန်ကြည့်လာပြီး မေးလိုက်သည်။   
   " စုန့်ချီ? "

   စုန့်ချီ လည်း မျက်ခုံးလှုပ်သွားသည်။
   " ဘာတွေ ဖြစ်နေတာလဲ?"

  " စုန့်ချီ....."
ရုန်းပိုင်က စုန့်ချီကိုသာ စိုက်ကြည့်နေပြီး သူ့အပြုံးက ပိုလို့တောင် ထင်ရှားလာပြီး စုန့်ချီရှိတဲ့ဘက်ကို ရုတ်တရက်ကြီး ခြေတလှမ်း တိုးလိုက်သည်။

  စုန့်ချီက မကောင်းတဲ့အငွေ့အသက်ကို ခံစားမိလိုက်တာကြောင့် နောက်ကို ခြေတလှမ်း ဆုတ်မိလိုက်သည်။ သူက အမြန်ပဲ မေးမြန်းလိုက်သည်။
  " ခင်ဗျား ဘာလုပ်ချင်လို့လဲ?"

  ရုန်းပိုင်ရဲ့အသံက ညင်သာနေသည်။
  " မကြောက်ပါနဲ့....ကိုယ်ဘာမှ မလုပ်ပါဘူး" 

   စုန့်ချီရဲ့အမြင်အရဆို ရုန်းပိုင်က ဘာမှလုပ်မှာမဟုတ်ဘူးဆိုတာက မဖြစ်နိုင်ပေ။ သူ့ရင်ထဲမှာ မသက်မသာဖြစ်နေတဲ့ ခံစားချက်ကို ချိူ းနှိမ်လိုက်ပြီး တဖက်ကိုလှည့်လိုက်ပြီး ပြေးထွက်သွားသည်။

  ခြေတိမ်ရဲ့တဖက်က ကမ်းစပ်ပေါ်မှာ အကိုင်းအခတ်တွေ ဖြာကျနေတဲ့ အပင်ကြီးတစ်ပင်ရှိနေသည်။အပင်ရဲ့ များပြားတဲ့ မှုတ်ဆိတ်မြစ်တွေက မြေပြင်ပေါ်ကို တွဲလောင်းကျနေသည်။ တခုခု မှားယွင်းနေပေမယ့်လည်း ကမ်းစပ်ကို အရင်သွားသင့်တယ်လို့ စုန့်ချီ တွေးလိုက်သည်။

  ထိုနေရာက အတော်လေး ထူးဆန်းနေပြီး ဘာမှမရှိလောက်အောင်ကို ပြောင်သလင်းခါနေသည်။

  စုန့်ချီက ကမ်းစပ်ဘက်ကို သွားနေပြီး သူခြေတလှမ်း လှမ်းလိုက်တိုင်း ရေတွေက လှိုင်းခတ်သွားသည်။ သူ့ရဲ့လက်က သစ်ပင်ကို ထိတော့မယ့်အချိန်မှာပဲ အနောက်ကနေ ကြီးမားတဲ့အားတစ်ခုက သက်ရောက်လာတာကို သူခံစားလိုက်ရသည်။

𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐮𝐚𝐥 [𝑴𝒎𝙏𝒓𝒂𝒏𝒔]Where stories live. Discover now